The network connection is lost.

Banner Image

အသင်းဟောင်းထံ ဂျရတ်ပြန်လာနိုင်ချေရှိနေတယ်လို့ မက်ကွစ်ဇ် ပြောကြား

ရိန်းဂျားစ်စတားဟောင်း အလီမက်ကွက်စ်ဇ်က ဂျရတ်တစ်ယောက် ရိန်းဂျားစ်အသင်းထံပြန်လာနိုင်ချေရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။အင်္ဂလန်အသင်းခေါင်းဆောင်းဟောင်းဟာ ဆော်ဒီလိဂ်မှာ ရုန်းကန်နေရပြီး ၅၈ ပွဲမှာ ၂၃ ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂျရတ်ဟာ စကော့တလန်လိဂ်မှာတော့ ၃ နှစ်အတွင်း စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီး ရိန်းဂျားစ်အသင်းနဲ့အတူ အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။

အဆိုပါအခြေအနေတွေကြောင့် ဂျရတ်အနေနဲ့ ရိန်းဂျားစ်အသင်းထံပြန်လာနိုင်ချေရှိနေတယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ “သေချာပါတယ်။ ကျွန်တော် လုပ်မှာပါ။ မှန်ပါတယ်။ ကျွန်တော်ပြောရပါမယ်။ ကလီမန့်တ်က ပြီးခဲ့တဲ့အပတ်တွေမှာ ရလဒ်တွေကောင်းလာပါတယ်။ ၁၀ ပွဲမှာ ၁ ပွဲသာအရေးနိမ့်ထားခဲ့ပါတယ်။

အဲ့တာကလည်း အိုးထရက်ဖို့ဒ်မှာ အရေးနိမ့်ခဲ့တာပါ။ တိုးတက်မှုတွေတော့ ရှိလာပါတယ်။ လက်ရှိအချိန်မှာ ရိန်းဂျားစ်အသင်းအနေနဲ့ နည်းပြအပြောင်းအလဲမလုပ်လောက်သေးပါဘူး။ ဒါပေမယ့် ဂျရတ်ရဲ့အောင်မြင်မှုကြောင့် ဖြစ်လာနိုင်ချေရှိပါတယ်။ သူက ဒီအသင်းမှာ အောင်မြင်မှုတွေအများကြီးရယူထားနိုင်တဲ့သူပါ။ ကျွန်တော် အရိုးသားဆုံးပြောပါတယ်။ စတီဗင်တစ်ယောက် ဗီလာမှာ အဆင်မပြေခဲ့ပါဘူး။ အားလုံးခြုံကြည့်ရင် အမ်မရီက ဗီလာမှာ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။

စတီဗင်အနေနဲ့ ဆက်သွားခဲ့ပါတယ်။ သူတစ်နေရာရာကိုသွားမှာပါ။ ဆော်ဒီလိဂ်မှာ စိတ်ပျက်စရာဖြစ်ခဲ့တယ်လို့ ကျွန်တော် သူ့ကိုမမြင်မိပါဘူး။ သူအချိန်ယူပြီး မိသားစုပြန်အချိန်ပေးပြီးနောက် အဆင်ပြေမယ့်တစ်နေရာရာကို ရှာဖွေမှာပါ။ မကြာခင်မှာ သူပြန်လာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ သူ့အတွက် အဆင်ပြေမယ့်တစ်နေရာရာကို သွားပါလိမ့်မယ်”လို့ အလီက ပြောကြားခဲ့ပါတယ်။ ဂျရတ်ကို အသင်းတော်တော်များများက ချိတ်ဆက်နေပြီး အသက် ၄၄ နှစ်သားအနေနဲ့ ရေရှည်အောင်မြင်နိုင်မယ့်အသင်းမျိုးကိုသာ ရွေးချယ်ဖွယ်ရှိနေပါတယ်။