The network connection is lost.

Banner Image

ကောလာဟလတွေထွက်နေသော်လည်း အကောင်းဆုံးခြေစွမ်းဖြင့် ဆက်လက်ကစားဖို့ ခဗာရက်စ်ခီလီဟာကို ပြောကြားလိုက်တဲ့ ဂျော်ဂျီယာနည်းပြ

ကြယ်ပွင့်ကစားသမားရဲ့ ယူရို ၂၀၂၄ က စွမ်းဆောင်မှုတွေ အပြီးမှာ နာပိုလီမှ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့မယ်လို့ ထင်ကြေးပေးခံနေရတဲ့ တောင်ပံကစားသမား ခဗာရက်စ်ခီလီဟာကို အကောင်းဆုံးဆက်လက် ကစားဖို့ ဂျော်ဂျီယာနည်းပြ ဆက်ဂ်နောက ပြောကြားလိုက်ပါတယ်။

စပိန်ကိုရှုံးနိမ့်ကာ ဂျာမနီရှိပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေပြီးဆုံးသွားပြီးနောက် ကာဗရာဒိုနာလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ ခဗာရက်စ်ခီလီဟာနဲ့ပတ်သက်ပြီး နည်းပြ ဆက်ဂ်နောက "သူလိုချင်ရင် သူသွားသင့်တယ်" "နာပိုလီ၊ ပဲရစ် ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ သူ့ကို ပျော်ရွှင်စေချင်ပြီး စိတ်ခံစားမှုအပြည့်နဲ့ ကစားပေး စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အရမ်းကောင်းတဲ့အနေအထားမှာရှိနေလို့ပါ" "ကျွန်​​တော်​က​တော့ သူ့ရဲ့ကစားသမားဘဝမှာ အ​ကောင်းဆုံးဖြစ်​ပါ​စေလို့ ဆု​တောင်း​ပေးပါတယ်​" လို့ ပြောပါတယ်။

ခဗာရက်စ်ခီလီဟာဟာ နာပိုလီကို ၂၀၂၂-၂၃ ရာသီတွင် စီးရီးအေချန်ပီယံဖြစ်အောင် ကူညီပေးခဲ့ပြီး  တန်ဖိုးအရှိဆုံးကစားသမားနှင့် ရာသီရဲ့ အကောင်းဆုံး သွင်းဂိုး ဆု ၂ ခုစလုံးကိုရရှိခဲ့တဲ့ မာရာဒိုနာပြီးနောက် ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ယူရိုပြိုင်ပွဲက ပေါ်တူဂီအား အံ့အားသင့်ဖွယ်အနိုင်ရခဲ့တဲ့ပွဲတွင် သူဟာပြိုင်ဘက်ရဲ့ခံစစ်ကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ကာ အဆင့်အနိမ့်ဆုံးအသင်းဖြစ်ခဲ့သော်လည်း ဂျော်ဂျီယာက ၎င်းတို့ရဲ့ပထမဆုံးနိုင်ငံတကာဘောလုံးပြိုင်ပွဲတွင် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကစားသမားရဲ့ အနာဂတ်နှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာများ ရှိလာတာက မလွှဲမရှောင်သာဖြစ်ပြီး ကစားသမားဟာ နာပိုလီနှင့် စာချုပ်သက်တမ်းတိုးရန် ချိန်ဆနေကာ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီထံမှ စိတ်ဝင်စားမှုက နှိုင်းယှဉ်၍မရဟု အချို့သော မီဒီယာများက ဖော်ပြထားပါတယ်။ "သူကိုယ်တိုင်ဆုံးဖြတ်လိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ သူ့မှာ နာပိုလီမှာ စာချုပ်ကျန်ရှိနေသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ ကြီးမားတဲ့ကလပ်ဖြစ်ပြီး အခြားကလပ်အသင်းတွေလိုပဲ လေးစားရမယ့်အသင်းဖြစ်ပါတယ်" လို့ ဆက်ဂ်နောက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပါတယ်။