The network connection is lost.

Banner Image

VAR လုပ်ပိုင်ခွင့်ကို တိုးမြှင့်ဖို့ စဉ်းစားနေတဲ့ ဘောလုံးဥပဒေရေးဆွဲသူများ

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်ခင် ဘောလုံးဥပဒေရေးဆွဲသူတွေဟာ ထောင့်ကန်ဘော ၊ ပင်နယ်တီ နဲ့ ဒုတိယအဝါကတ်တွေမှာ VAR လုပ်ပိုင်ခွင့်ကို ပိုတိုးမြှင့်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ တိုင်းမ်စ်သတင်းဌာနရဲ့အဆိုအရ နိုင်ငံတကာဘောလုံးဘုတ်ဖွဲ့ရဲ့ဥပဒေရေးဆွဲသူတွေဟာ ဂိုးသမားက ပင်နယ်တီကာကွယ်ချိန်မှာ ဘောလုံးကအဆင်မပြေဖြစ်ခဲ့တဲ့အခြေအနေ ၊ ထောင့်ကန်ဘောကို မှားယွင်းပြီးပေးမိတဲ့အခြေအနေ နဲ့  ဒုတိယအဝါကတ်ပြသတဲ့အခြေအနေတွေမှာ VAR ရဲ့လုပ်ပိုင်ခွင့်ကို တိုးမြှင့်ပေးဖို့ စဉ်းစားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အခုနှစ်တွေမှာ VAR အနေနဲ့ အဝါကတ် ၊ အနီကတ်တွေမှာ တာဝန်ပိုရှိတယ်လို့ ထင်မြင်နေကြပြီး နိုဝင်ဘာအစည်းအဝေးမှာ ပိုရှင်းလင်းလာဖွယ်ရှိနေပါတယ်။ စည်းမျည်းအသစ်ကို လာမယ့်မတ်လလောက်ထဲမှာ ရေးဆွဲမှာဖြစ်ပြီး လာမယ့်နှစ်ကမ္ဘာ့ဖလားမတိုင်ခင် အပြောင်းအလဲလုပ်ဖွယ်ရှိနေပါတယ်။ 

နောက်ထပ်သတင်းတွေအရ IFAB ဘုတ်အဖွဲ့ဝင်တွေဟာ VAR လုပ်ပိုင်ခွင့်ကို တိုးမြှင့်ဖို့ ပြင်ဆင်နေပြီး နောက်ကျတာတွေမဖြစ်အောင် စက္ကန့်ပိုင်းအတွင်းမှာ ဆုံးဖြတ်နိုင်အောင် လုပ်ဆောင်ဖွယ်ရှိနေပါတယ်။ ဘောလုံးပရိသတ်တော်တော်များများကတော့ လာမယ့် နိုဝင်ဘာ နဲ့ မတ်လအစည်းအဝေးတွေမှာ တစ်ခုခုထူးခြားလာနိုင်ဖို့ စောင့်ဆိုင်းနေကြပါတယ်။