The network connection is lost.

Banner Image

ယူနိုက်တက်နဲ့ ပွဲစဉ်မှာ ဘရိုက်တန်အသင်း အတွက် ပြန်လည်ပါဝင်လာနိုင်တဲ့ ဖာဂူဆန်

ဘရိုက်တန်အသင်းသည် စနေနေ့တွင် အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားရမယ့် ယူနိုက်တက်အသင်းနှင့် ပွဲစဉ်တွင် ၎င်းတို့၏ တိုက်စစ်မှူး ဖာဂူဆန် ဒဏ်ရာမှ ပြန်လည်သက်သာလာမည်ဟု မျှော်လင့်နေကြောင်းသိရပါတယ်။

အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်သည့် အိုင်ယာလန်တိုက်စစ်မှူးသည် ပြင်သစ်၊ နယ်သာလန်အသင်းတို့နှင့် ယူရို ၂၀၂၄ ခြေစစ်ပွဲများကို ဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။  ဖာဂူဆန်ဟာ လွန်ခဲ့တဲ့ ၁၂ ရက်က နယူးကာဆယ်ကို အိမ်ကွင်းမှာ ၃-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တာကြောင့် ယူနိုက်တက်အသင်းနှင့် ပွဲစဉ်မှာလည်း ၎င်းကိုပါဝင်စေရန်မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လည်း ၎င်းတို့ရဲ့ တိုက်စစ်ကိုမြှင့်တင်ရန်အတွက် ဖာဂူဆန်ကို ခေါ်ယူဖို့ အပြင်းအထန် ချိတ်ဆက်နေခဲ့ပါတယ်။ ဘရိုက်တန်အသင်းသည် အိုးထရက်ဖို့ဒ်သို့သွားရောက်ကစားမည့် ပွဲစဉ်အတွက် ကစားသမားများအားလုံး အဆင်သင့်ဖြစ်နေပြီး အဆိုပါပွဲစဉ်ကို အနိုင်ရဖို့ စိတ်အားထက်သန်နေကြကြောင်း သိရပါတယ်။

ဘရိုက်တန်အတွက် နောက်ထပ်သတင်းကောင်းကတော့ လက်ရှိ ၎င်းတို့တွင် ကစားနေသော ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝဲလ်ဘက်ခ်သည် ကြွက်သားဒဏ်ရာမှ ပြန်လည် သက်သာလာပြီး ကစားဖို့ အဆင်သင့်ဖြစ်နေတာပဲဖြစ်ပါတယ်။ ဝဲလ်ဘက်ဟာ ၂၀၁၄ ခုနှစ်မှာ ယူနိုက်တက်ကနေ ထွက်ကာ အာဆင်နယ်သို့ ရောက်ရှိသွားပြီး သူ့ရဲ့သရဲနီကစားသမားဘဝ ၁၅ နှစ်ကြာကို အဆုံးသတ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဘရိုက်တန်အသင်းသည် အမှတ်ပေးဇယားတွင် ယူနိုက်တက် ထက် သုံးမှတ်သာနေပြီး အဆင့် ၆ တွင်ရပ်တည်နေပါတယ်။