The network connection is lost.

Banner Image

ဘိုင်ယန် နဲ့ ယူနိုက်တက်ဟာ ဆင်တူနေတယ်လို့ ခိုင်းနှိုင်းလိုက်တဲ့ ဘိုင်ယန်နည်းပြဟောင်း ဖီးလစ်

ဘိုင်ယန်မြူးနစ်နည်းပြဟောင်း ဖီးလစ်မက်ဂ်ကတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ဦးဆောင်မှုကို ဝေဖန်ခဲ့သလို ယူနိုက်တက်အသင်းရုန်းကန်နေရတာနဲ့ ခိုင်းနှိုင်းလိုက်ပါတယ်။ ၂၀၀၅ နဲ့ ၂၀၀၆ ၂ ရာသီဆက် ဘိုင်ယန်အသင်းကို လိဂ်ဖလားရယူပေးနိုင်ခဲ့ ဖီးလစ်က ဘိုင်ယန်ရဲ့လက်ရှိဦးဆောင်မှုကင်းမဲ့နေတာဟာ အပြောင်းအရွှေ့အတွက်ပါ ထိခိုက်စေတယ်လို့ ယုံကြည်နေပါတယ်။ အသက် ၇၂ နှစ်သားက လက်ရှိဘိုင်ယန်ရဲ့အနေအထားကို ယူနိုက်တက်ရဲ့အခြေအနေနဲ့ ခိုင်းနှိုင်းလိုက်ပါတယ်။ 

ယူနိုက်တက်ဟာ ဆာအဲလက်စ်ရှိစဉ် ဘိုင်ယန်က အူလီဟိုးနက်စ်တို့ရှိစဉ်မှာ အားကစားဒါရိုက်တာတွေနဲ့ အသင်းတွေက အဆင်ပြေခဲ့တာဖြစ်ပါတယ်။ Abendzeitung နဲ့အင်တာဗျူးမှာ ဖီးလစ်က “ဘိုင်ယန်က ယူနိုက်တက်အပြင် နှိုင်းယှဉ်စရာအသင်းမရှိပါဘူး။ ယူနိုက်တက်ဘယ်လောက်ခက်ခဲနေဆဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ အဲ့လိုဖြစ်နေတာ နှစ်အတော်ကြာနေပါပြီ။ ဖာဂူဆန်ရှိတုန်းက တော်တော်လေးအဆင်ပြေသလို ဘိုင်ယန်ကလည်း အူလီဟိုးနက်စ်ရှိတုန်းက အဆင်ပြေခဲ့ပါတယ်။ 

အခုဆို ၂ သင်းစလုံးက ဦးဆောင်သူကင်းမဲ့နေပါတယ်။ ဘယ်သူ့မှာတာဝန်ရှိတာလဲ?။ ဘိုင်ယန်ဆိုရင်လည်း အခုချိန်အထိ မှန်ကန်တဲ့ဦးဆောင်သူမတွေ့သေးပါဘူး။ အဲ့တာက အမှန်တကယ်လိုအပ်နေတာပါ။ ဦးဆောင်သူကင်းမဲ့နေတာက အပြောင်းအရွှေ့မှာလည်း အကျိုးသက်ရောက်မှုရှိနေပါတယ်။ ကျွန်တော် ဘိုင်ယန်ရဲ့လူအင်အားဖြည့်တင်းမှုက အခြားအသင်းတွေလိုဖြစ်မနေပါဘူး။ အဲ့တာက အကျိုးဆက်တွေဖြစ်လာခဲ့တာပါ။ ကစားသမားတွေရဲ့ဆုံးဖြတ်ချက်တွေတင်မဟုတ်ပဲ အကြံပေးတဲ့သူတွေပါအကျိုးသက်ရောက်လာပါတယ်။ နှစ်အနည်းငယ်လောက်ကတည်းက ဘိုင်ယန်က အခြားနိုင်ငံတကာကအသင်းတွေနည်းတူ အသိအမှတ်ပြုမှုမရတော့ပါဘူး”လို့ ဖီးလစ်က ပြောကြားလိုက်ပါတယ်။

ဘိုင်ယန်ဟာ လက်ရှိအပြောင်းအရွှေ့မှာ လေဗာကူဆင်ကနေ ဂျိုနသန်တာ့ချ် ၊ လီဗာပူးထံကနေ ဒီယက်ဇ်တို့ကိုခေါ်ယူထားနိုင်ခဲ့ပါတယ်။  ကနဦးတုန်းက ဘိုင်ယန်ဟာ ဝီရက်ဇ် နဲ့ နီကိုဝီလီယံတို့ကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် အဆုံးသတ်မှာ တစ်ယောက်မှမခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ တိုက်စစ်ပိုင်းနေရာအတွက် စတုဂတ်တိုက်စစ်မှူး နစ်ဝိုတီမိတ်ကို ပစ်မှတ်ထားနေပါတယ်။ အပြောင်းအရွှေ့မှာ ရုန်းကန်နေရပေမယ့်လည်း ဘိုင်ယန်ဟာ ဒီရာသီချန်ပီယံဆုကာကွယ်နိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေဆဲဖြစ်ပါတယ်။ ဘိုင်ယန်ဟာ လာမယ့်စနေနေ့မှာ အဖွင့်ပွဲစဉ်အဖြစ် လိုက်ပ်ဇစ်အသင်းနဲ့စတင်ရင်ဆိုင်ရမှာဖြစ်ပါတယ်။