The network connection is lost.

Banner Image

ဘရိုက်တန်အားရှုံးနိမ့်မှုနှင့် မာဒူကီရဲ့ဒဏ်ရာအခြေအနေတို့ကို ပြောကြားလိုက်တဲ့ မာရက်စ်ကာ

ချဲလ်ဆီး လွန်ခဲ့တဲ့တစ်ပတ်တုန်းက ကစားခဲ့တဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွင် ဘရိုက်တန်အား ရှုံးနိမ့်ခဲ့ပြီးနောက် ဖာဘီယန် ဟာဇယ်လာရဲ့အသင်းထံ ပရီးမီးယားလိဂ်ပွဲစဉ်တွင် ထပ်မံရှုံးနိမ့်ခဲ့ရပြန်ပါတယ်။

မိတိုမာက ပွဲကစားချိန် ၂၇ မိနစ်တွင် တစ်ကိုယ်တော်ဖန်တီးမှုဖြင့် ဂိုးသွင်းယူကာ ဦးဆောင်ဂိုး ရရှိခဲ့ပြီး မင်တေး က နောက်ထပ် ၂ ဂိုးသွင်းယူခဲ့တာကြောင့် ပွဲအတွင်းခြားနားချက်ကို ပိုမိုမြင့်တက်စေခဲ့ပါတယ်။

ထိုရလဒ်ကြောင့် ချဲလ်ဆီးဟာ ပြိုင်ပွဲစုံ ၄ ပွဲအတွင်း ၃ ပွဲမြောက်ရှုံးနိမ့်မှုဖြစ်ခဲ့ပြီး လက်ရှိချန်ပီယံ မန်စီးတီး အနေနဲ့ နယူးကာဆယ်ကို အီသီဟတ်တွင် အနိုင်ရပါက ချဲလ်ဆီးကို ကျော်တက်ကာ ထိပ်ဆုံး ၄ သင်းအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။

ကိုလ်ပါမာဟာ ချဲလ်ဆီးအတွက် နောက်ထပ်စိတ်ပျက်စရာညတစ်ညကို ကြုံတွေ့ခဲ့ရပြီး အနောက်လန်ဒန်ကလပ်အတွက် နောက်ဆုံးပွဲစဉ် ၅ ပွဲတွင် ဂိုးမသွင်းပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းတွင် မာဒူကီရဲ့ဒဏ်ရာရရှိမှုဟာ ချဲလ်ဆီးရဲ့ရှုံးနိမ့်မှုကို ပိုမိုမြင့်တက်စေခဲ့ပြီး မာရက်စ်ကာက ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် တောင်ပံကစားသမားဟာ အချိန်အတန်ကြာ အနားယူရမယ်လို့ ပြောကြားခဲ့ပါတယ်။

မာလိုဂတ်စတို နှင့် မာဒူကီတို့ရဲ့ အခြေအနေကို မေးမြန်းရာတွင် ချဲလ်ဆီးနည်းပြက "မာလိုက အဆင်ပြေပါတယ် မာဒူကီကတော့ ကံမကောင်းစွာပဲ တံကောက်ကြောမှာ ပြဿနာရှိနေပါတယ်။ ဒါကြောင့် သူဟာ အချိန်အတန်ကြာ နားရမှာပါ" လို့ ဖြေကြားပါတယ်။

ချဲလ်ဆီးဟာ အန်းမက်စ်စတေဒီယမ်တွင် နီကိုလပ်စ်ဂျက်ဆန်ရဲ့ ပါဝင်မှုကို လိုအပ်နေပုံရပြီး မာရက်စ်ကာရဲ့ အသင်းဟာ ဂိုးပေါက်တည့်မှုတစ်ကြိမ်မှ မရှိခဲ့တာဖြစ်ပါတယ်။

"ကျွန်တော်တို့ ဂိုးထဲသို့ ကန်နိုင်ဖို့မျှော်လင့်မိပါတယ်။ ဒါပေမယ့် အထူးသဖြင့် ကျွန်တော့်အတွက်တော့ အသင်းဟာ ပြိုင်ဘက်ရဲ့ဂိုးစည်းထဲသို့ အတော်လေး ကောင်းမွန်စွာ ရောက်ရှိခဲ့ပါတယ်"

"ပြဿနာက ပြိုင်ဘက်ရဲ့ဂိုးဧရိယာနားမှာ ဂိုးပေါက်ထဲသို့ရောက်အောင်ကန်ဖို့လိုပါတယ် ကစားသမားတွေ အဲ့ဒီမှာ ရှိဖို့လည်း လိုအပ်ပါတယ် ပထမဆုံးနဲ့ အဓိကကျတဲ့သူက ပြိုင်ဘက်ရဲ့ဂိုးပေါက်ထဲက နံပါတ် ၉ နေရာမှာ ကစားတဲ့သူပဲဖြစ်ပါတယ်"

"ဒီအချိန်မှာ ဂျက်ဆန်က အဲဒီမှာ မရှိပါဘူး မာ့ခ်ကလည်း မရှိပါဘူး။ ကျွန်တော်တို့ဟာ မတူညီတဲ့ဖြေရှင်းနည်းတွေကို ရှာဖွေရပါမယ်"

"ပထမပိုင်းမှာ ကျွန်တော်တို့က ဂိုးသွားနိုင်တဲ့ အခွင့်အရေးနှစ်ခု သို့မဟုတ် သုံးခုရှိခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေကို လွဲချော်ခဲ့ပါတယ်"

"ဒါပေမယ့် အခုအချိန်မှာ မကောင်းတဲ့ခံစားချက်တွေကြောင့် ကျွန်တော်တို့ဟာ အခွင့်အရေးတွေကို အလွယ်တကူပေးနိုင်ပြီးတော့ အခွင့်အရေးတွေ ဖန်တီးဖို့ ရုန်းကန်နေရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဟန်ချက်ညီအောင် ရှာဖွေလုပ်ဆောင်ရပါမယ်" လို့ မာရက်စ်ကာက ပြောပါတယ်။

ပါမာဟာ ဒုတိယပိုင်းတစ်လျှောက်လုံး အထူးသဖြင့် စိတ်ပျက်ခဲ့ရပြီး မာရက်စ်ကာက ကျန်ရှိတဲ့ အသင်းသားများနှင့် ဝန်ထမ်းများကလည်း အသင်းရဲ့ရလဒ်များကြောင့် စိတ်ပျက်နေကြောင်း ပရိသတ်များကို ပြောကြားလိုက်ပါတယ်။

"ကျွန်တော်တို့ဟာ အသင်းအနေနဲ့ ဘောလုံးကစားကြတာပါ။ ဒါက တင်းနစ်မဟုတ်ဘူး။ ကိုလ်ပါမာ တစ်ယောက်တည်း စိတ်ပျက်နေတာမဟုတ်ဘူး။ ကျွန်တော်တို့အားလုံး ဒီအချိန်မှာ တူညီစွာရှိနေပါတယ်"

"သေချာပေါက် ကျွန်တော်တို့ဟာ စိတ်တိုနေကြပါတယ်။ အထူးသဖြင့် ဒီမှာရှိတဲ့ ပရိသတ်တွေအတွက် စိတ်မကောင်းမိပါဘူး ဒါပေမယ့် အခုလိုဖြစ်တာကလည်း ကျွန်တော်တို့ရဲ့ ပရိသတ်တွေအတွက်ပါ"

"အလို ပွဲစဉ် ၁၃ ပွဲ ၁၄ ပွဲ လောက်ပဲကျန်တဲ့အချိန်မှာ ဒီလိုစွမ်းဆောင်ရည်မျိုးကို မပြသင့်ပါဘူး"  လို့ အီတလီလူမျိုး နည်းပြက ရှင်းပြခဲ့ပါတယ်။

သူ့ရဲ့အသင်းဟာ မိတိုမာရဲ့ ဂိုးမတိုင်မီ ပွဲကိုထိန်းချုပ်မှုရှိခဲ့သော်လည်း ပြန်လည်တိုက်စစ်ဆင်ရန် လိုအပ်တဲ့ စိတ်အားထက်သန်မှု မရှိခဲ့ဘူးလို့ မာရက်စ်ကာက ထင်နေပါတယ်။

"ဒါဟာ ကျွန်တော်တို့ စဉ်းစားရမယ့်အရာပါ ကျွန်တော်တို့ ဆွေးနွေးရမယ့်အရာပါ" လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

"ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တို့မှာ ကစားဖို့ ပွဲစဉ် ၁၄ ပွဲပဲကျန်ပါတော့တယ်။ ဒီည အနိုင်ရရင် တတိယနေရာနဲ့ တစ်မှတ်ပဲကွာတော့မှာပါ။ ကျန်တဲ့အသင်းတွေနဲ့ ခြားနားချက်ကို ပိုကြီးအောင် လုပ်နိုင်ပါတယ်"

"ကျွန်တော်တို့ဟာ ပွဲစဉ်ကို ကောင်းမွန်စွာ ချဉ်းကပ်ခဲ့ပြီး မိတိုမာရဲ့ ဂိုးမတိုင်မီအထိ ကျွန်တော်တို့ဟာ ထိန်းချုပ်မှုရှိခဲ့ပါတယ်။ ပြီးတော့ အခွင့်အရေးတွေ ဖန်တီးဖို့အထိဖြစ်ခဲ့ပါတယ်"

"ဂိုးပေးလိုက်ရပြီးနောက် ကျွန်တော်တို့ဟာ တစ်ခုခုကို ဆုံးရှုံးခဲ့သလိုဖြစ်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ ပြန်လည်သုံးသပ်ပြီး တိုးတက်အောင် လုပ်ရမယ့်အရာပါ"  လို့ အီတလီလူမျိုး နည်းပြက ရှင်းပြခဲ့ပါတယ်။