
ဘရိုက်တန်ကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ မာဒူကီအခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ဘရိုက်တန်ကိုအရေးနိမ့်ခဲ့တဲ့ပွဲအတွင်း ဒဏ်ရာရရှိခဲ့တဲ့ မာဒူကီရဲ့အခြေအနေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မာဒူကီတစ်ယောက် ပွဲကစားချိန် ၂၁ မိနစ်မှာ ကွင်းထဲလဲကျခဲ့တာကြောင့် လူစားလဲခဲ့ရတာဖြစ်ပြီး ဆန်ချိုကို ထည့်သွင်းခဲ့ရပါတယ်။
ဒါ့အပြင် ပွဲကစားချိန် ၆၁ မိနစ်မှာ ဂတ်စ်တိုကို ရိစ်ဂျိမ်းစ်နဲ့ အစားထိုးခဲ့ရပါတယ်။ ပွဲအပြီးမှာ မာရက်စ်ကာက ဂတ်စ်တို နဲ့ မာဒူကီအခြေအနေတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မာရက်စ်ကာက မာဒူကီတစ်ယောက် တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အချိန်ကာလတစ်ခုအထိ နားရနိုင်တယ်လို့ အတည်ပြုခဲ့ပါတယ်။
ဒါပေမယ့် ဂတ်စ်တိုကတော့ ဒဏ်ရာမရရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဘရိုက်တန်အတွက် ဂိုးတွေကို မီတိုမာ နဲ့ မင်တက်ချ်တို့က သွင်းယူပေးခဲ့ပါတယ်။ ပွဲအပြီးသတင်းစာရှင်းပွဲမှာ အသက် ၄၅ နှစ်သားက “မာလိုက အဆင်ပြေပါတယ်။ နိုနီကတော့ ကံမကောင်းစွာနဲ့ တံကောက်ကြောဒဏ်ရာရခဲ့ပါတယ်။ သူအနည်းငယ်လောက်နားရနိုင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ လာမယ့်ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ဗီလာအသင်းနဲ့ အဝေးကွင်းပွဲထပ်မံကစားရမှာဖြစ်ပါတယ်။