The network connection is lost.

Banner Image

ဆွစ်ဇာလန်နဲ့ပွဲမှာ ပါဝင်လာနိုင်တော့မယ့် အင်္ဂလန်စတား ဘယ်လင်ဟမ်

ယူအီးအက်ဖ်အေဘက်ကတော့ အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ဆွစ်ဇာလန်နဲ့ပွဲမှာ ပါဝင်ခွင့်ပေးသွားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အင်္ဂလန်သားအနေနဲ့  ကြီးမားတဲ့ငွေကြေးပြစ်ဒဏ်အပြင် တစ်ပွဲပယ်ခံနိုင်ရဖွယ်ရှိခဲ့တာဖြစ်ပါတယ်။ ဆလိုဗက်ကီးယားကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အင်္ဂလန်ဟီးရိုးဟာ မဆီလျော်တဲ့အပြုအမူကြောင့် ယူအီးအက်ဖ်အေရဲ့စုံစမ်းစစ်ဆေးမှုခံနေရတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်သားဟာ သူ့ရဲ့ခွကြားကို ထောက်ပြတဲ့ပုံစံမျိုးပြုလုပ်ခဲ့တာဖြစ်ပြီး တရားဝင်ဒိုင်တွေက မဖော်ပြခဲ့ပေမယ့် ယူအီးအက်ဖ်အေဘက်က ကြားဝင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ ဘယ်လင်ဟမ်ဘက်က ဘာအမှားမှမလုပ်ထားတာကြောင့် ဆွစ်ဇာလန်နဲ့ပွဲမှာ ပါဝင်လာနိုင်တော့မှာဖြစ်ပါတယ်။ ရီးရဲလ်စတားကလည်း သူ့အနေနဲ့ အဆိုပါအပြုအမူဟာ သူငယ်ချင်းတွေဆီကို ဦးတည်ခဲ့တာဖြစ်ပြီး ပြိုင်ဘက်ကို ဦးတည်ခဲ့တာမဟုတ်ဘူးလို့ ဆိုပါတယ်။

“ဆလိုဗက်ကီးယားအသင်းဘက်ကို လေးစားမှုအပြည့်ရှိပါတယ်”လို့ ဘယ်လင်ဟမ်က ပြန်လည်ဖြေကြားခဲ့ပါတယ်။ အဆိုပါအပြုအမူမျိုးကို ဘယ်လင်ဟမ်တစ်ယောက် ဧပြီလတုန်းက ဘာစီလိုနာကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း ပြုလုပ်ခဲ့သေးတာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေဘက်ကတော့ သောကြာနေ့မနက်ခင်းတုန်းက စုံစမ်းစစ်ဆေးမှုရလဒ်ကို ထုတ်ဖော်ခဲ့ပါတယ်။ အဲ့နောက် ဘယ်လင်ဟမ်ကို ပေါင် ၂၅၀၀၀ နဲ့ တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သလို အက်ဖ်အေကိုလည်း မီးပန်းတွေ ပစ်လွှတ်ခဲ့တဲ့ပရိသတ်တွေကြောင့် ပေါင် ၉၀၀၀ ဒဏ်ကြေးချမှတ်ခဲ့ပါတယ်။

“ယူအီးအက်ဖ်အေရဲ့စည်းကမ်းထိန်းသိမ်းရေးကော်မတီက အက်ဖ်အေကို ပေါင် ၁ သောင်း ဒဏ်ရိုက်ခဲ့ပါတယ်။ ဒါ့အပြင် ဘယ်လင်ဟမ်ကိုလည်း ပေါင် ၃ သောင်း ဒဏ်ရိုက်ခဲ့သလို စည်းကမ်းပိုင်းဆိုင်ရာစည်းမျည်းချိုးဖောက်မှုကြောင့် ၁ ပွဲပယ်ပြစ်ဒဏ်ပါ ချမှတ်ခဲ့ပါတယ်။ တစ်ပွဲပယ်ပြစ်ဒဏ်က ၁ နှစ်အတွင်းမှာ အကြုံးဝင်မှာဖြစ်တယ်လို့သိရပြီး ချက်ချင်းပွဲပယ်မှာမဟုတ်ဘူးပါဘူး”လို့ ယူအီးအက်ဖ်အေဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ဘယ်လင်ဟမ်တစ်ယောက်တည်း ယူအီးအက်ဖ်အေရဲ့ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာမဟုတ်ပဲ တူရကီဟီးရိုး ဒီမီရယ်လည်း ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဒီမီရယ်ကတော့ ချက်ချင်းပြစ်ဒဏ်ခံရမှာဖြစ်တာကြောင့် လာမယ့် နယ်သာလန်နဲ့ကွာတားဖိုင်နယ်ပွဲကို လွဲချော်မှာဖြစ်ပါတယ်။