ယူရိုအဖွင့်ပွဲမတိုင်ခင် လေ့ကျင့်ရေးမဆင်းနိုင်သေးတာကြောင့် ဂျွန်စတုန်းအတွက် စိုးရိမ်နေတဲ့ အင်္ဂလန်
ပြီးခဲ့တဲ့ရက်သတ္တပတ်က အိုက်စလန်နှင့် ခြေစမ်းပွဲတွင် ဗဟိုနောက်ခံလူက ဒဏ်ရာပြဿနာရှိခဲ့သော်လည်း အင်္ဂါနေ့ ဂျာမနီမှာ လေ့ကျင့်ရေးဆင်းခဲ့ရာတွင် အားလုံးအဆင်ပြေနေပုံရပါတယ်။ သို့သော်လည်း သူဟာ အဲ့ဒီအချိန်ကတည်းက နေမကောင်းဖြစ်နေပြီး ဗုဒ္ဓဟူးနေ့တွင် ကျန်အသင်းဖော်များနှင့် ပူးပေါင်းနိုင်ခြင်းမရှိတာကြောင့် တနင်္ဂနွေနေ့ ဆာဘီးယားနှင့် အဖွင့်ပွဲစဉ်မတိုင်မီ စိုးရိမ်မှုအချို့ ဖြစ်ပေါ်စေခဲ့ပါတယ်။
Sky Sports က ရော့ဘ်ဒေါ်ဆက်ရဲ့အဆိုအရ ကျန်အသင်းဖော်များထံဖျားနာမှု မပြန့်ပွားစေရန် ကာကွယ်ရန်အတွက် စတုန်းကို သူ့ရဲ့အိပ်ခန်းထဲတွင် သီးသန့်ထားရှိထားပြီး ခွဲထားတာဖြစ်ပါတယ်။ အခြားကစားသမား ၂၅ ဦးကတော့ ဗုဒ္ဓဟူးနေ့တွင် လေ့ကျင့်ရေးဆင်းနေပြီး ဒဏ်ရာမှပြန်လာရန် ကြိုးစားလုပ်ဆောင်နေတဲ့ လုခ်ရှောအတွက် အားတက်စရာ အရိပ်အယောင်များရှိနေပါတယ်။
ယူနိုက်တက် ဘယ်နောက်ခံလူဟာ ဖေဖော်ဝါရီလကတည်းက မကစားရသေးဘဲ ယခုနွေရာသီပြိုင်ပွဲအတွက်ရွေးချယ်ခဲ့တာက ဆောက်ဂိတ်အတွက် လောင်းကစားတစ်ခုလို ဖြစ်နေပါတယ်။ ဆောက်သမ်တန်ကစားသမားဟောင်းဟာ ကောင်းမွန်စွာ တိုးတက်နေပုံရပြီး ကြွက်သားပြဿနာကနေ ပြန်လည်ကြံ့ခိုင်လာကာ အုပ်စုအဆင့်တွင် ပါဝင်ကစားရန် အဆင်သင့်ဖြစ်နေပါတယ်။
စတုန်းရဲ့ ဖျားနာမှုက ပြင်းထန်မှုရှိမရှိကို အတည်မပြုနိုင်သေးပေမယ့် ဟယ်ရီမက်ဂွါရီက ဒဏ်ရာကြောင့် လက်ရွေးစင်အသင်းနဲ့ လွဲချော်ခဲ့ရပြီးနောက် မန်စီးတီးကစားသမားကို လာမယ့်တနင်္ဂနွေနေ့မှာ ကစားနိုင်ဖို့အတွက် ဆောက်ဂိတ်က စိတ်အားထက်သန်နေပါတယ်။ အကယ်၍ စတုန်းသာ မကစားနိုင်ပါက မက်ဂွါရီဒဏ်ရာကြောင့်မပါဝင်နိုင်တဲ့ အင်္ဂလန်ရဲ့ ဗဟိုခံစစ်တွင် နိုင်ငံတကာ အတွေ့အကြုံရှိကစားသမား နည်းပါးသွားမှာဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်မှ မာ့ခ်ဂူဟီအနေနဲ့ ဗဟိုခံစစ်တွင် စတင်ကစားရန် မျှော်လင့်ထားပြီး လူးဝစ်ဒန့်ခ်၊ အီဇရီကွန်ဆာနှင့် ဂျိုးဂိုမက်ဇ်တို့ကဲ့သို့ ဗဟိုခံစစ်တွင် ကစားရန် အခြားရွေးချယ်စရာများလည်း ရှိနေပါတယ်။ ဆာကာနဲ့ ဒန့်ခ်တို့ဟာ ဒဏ်ရာအနည်းငယ်သက်သာလာပြီး လေ့ကျင့်ခန်းဆင်းနေတာကြောင့် အင်္ဂလန်အတွက် သတင်းကောင်းဖြစ်ပါတယ်။ ဝင်ဘာလေမှာ ရီးရဲလ်မက်ဒရစ်နှင့်အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပြီးနောက် ဘယ်လင်ဂမ်ဟာလည်း အင်္ဂလန်အသင်းထံသို့ ပြန်လည် ရောက်ရှိလာပြီဖြစ်ပါတယ်။