အဓိကနေရာ ၂ နေရာအတွက် စိုးရိမ်နေတဲ့ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်
အင်္ဂလန်အသင်းဟာ ဆားဘီးယားနဲ့အဖွင့်ပွဲမှာ ၁-၀ နဲ့အနိုင်ရခဲ့ပေမယ့် ဒိန်းမတ်နဲ့ပွဲမှာလည်း သရေတစ်မှတ်သာ ရယူနိုင်ခဲ့ပါတယ်။ ဒိန်းမတ်နဲ့ပွဲမှာ အင်္ဂလန်အသင်းရဲ့စွမ်းဆောင်ရည်ဟာ ထင်သလောက်အလုပ်မဖြစ်ခဲ့ပဲ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အခုချိန်မှာလည်း အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က သူ့ရဲ့အသင်းရုန်းကန်နေရတာနဲ့ပတ်သက်ပြီး ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဆောက်ဂိတ်က သူ့ကစားသမားတွေအနေနဲ့ တကယ့်ပွဲတွေမှာ ဘောလုံးကိုပိုထိန်းသိမ်းဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဆောက်ဂိတ်က သတင်းထောက်တွေကိုပြောကြားရာမှာ “ကျွန်တော်တို့ လုံလောက်တဲ့ဖိအားပေးမှုမရှိခဲ့သလို လုံလောက်တဲ့အာရုံစူးစိုက်မှုလည်း မရှိပါဘူး။ ကျွန်တော်တို့ ဒီအခြေအနေနဲ့ဆိုရင် အဲ့လိုမျိုးလုပ်ဆောင်နိုင်ဖို့ အခက်အခဲရှိနိုင်ပါတယ်။
ကျွန်တော်တို့ ကွင်းထဲမှာ ဖိအားမပေးနိုင်ရင် နောက်တစ်ဆင့်မှာ ပိုခက်ခဲနိုင်ပါတယ်။ ဥပမာအနေနဲ့ ကျွန်တော်တို့ ဘောလုံးကိုသေချာလေးမထိန်းသိမ်းနိုင်ဘူးဆိုရင် ဘောလုံးကိုသေချာထိန်းသိမ်းပြီး ထိန်းချုပ်ကစားနိုင်ဖို့ တည်ဆောက်ရမှာပါ”လို့ ဆောက်ဂိတ်က ပြောကြားခဲ့ပါတယ်။
အင်္ဂလန်ဟာ လာမယ့်အင်္ဂါနေ့မှာ ယူရို ၂၀၂၄ ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဆလိုဗေးနီးယားနဲ့ကန်ရမှာဖြစ်ပါတယ်။