ဆယ်လ်တာဗီဂိုနဲ့ပွဲက သွင်းဂိုး၂ ဂိုးဟာ ရူဒီဂါအတွက်ပါလို့ ပြောလို့ပြောကြားလိုက်တဲ့ အန်းဒရစ်
ဆယ်လ်တာဗီဂိုအား အနိုင်ရရှိခဲ့တဲ့ပွဲက ဂိုး ၂ ဂိုးက သူ့ကိုဘယ်တုန်းကမှ ချီးမကျူးခဲ့တဲ့ ဂျာမန်သား ရူဒီဂါအတွက် ဖြစ်ပါတယ်လို့ ဒန်းဒရစ်က ပြောကြားလိုက်ပါတယ်။
ဆယ်ကျော်သက်တိုက်စစ်မှူးဟာ အချိန်ပိုတွင် ၅-၂ ဂိုးဖြင့် နိုင်ပွဲမရရှိမီ သူ့ရဲ့ ၁၁ ပွဲ ဆက်ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ သူဟာ ၁၀၈ နဲ့ ၁၁၉ မိနစ်တွေမှာ မက်ဒရစ်အတွက် ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဒီရာသီ လာလီဂါမှာ ၈၃ မိနစ်သာ ကစားထားရခြင်းဖြင့် အသက် ၁၈ နှစ်အရွယ် ကစားသမားရဲ့ ပွဲအပေါ် ယုံကြည်မှု တည်ဆောက်နိုင်စေမှာပါလို့ ပြောကြားခဲ့ပါတယ်။ ဆန်တီယာဂို ဘာနေဗျူးကနေ ဇန်နဝါရီလမှာ အငှားထွက်ကာ ပြောင်းရွှေ့ဖို့ စဉ်းစားနေပြီး သူ့ရဲ့ လတ်တလော အနာဂတ်အတွက် မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။
အသင်းဖော်အချို့ထံမှ ခက်ခဲတဲ့ချစ်ခြင်းမေတ္တာတွေက သူ့ကိုအာရုံစိုက်မှုရရှိစေရန် အကူအညီရရှိနေတဲ့ လူငယ်လေးက ရီးရဲလ်မက်ဒရစ် တီဗီသို့ "ကျွန်တော် နေ့တိုင်း အလုပ်ဆက်လုပ်နေပါတယ်။ ကျွန်တော့်ရဲ့ ၂ဂိုးက ရူဒီဂါ အတွက်ပါ။ ကျွန်တော့်အတွက် နေ့တိုင်း သူလုပ်ပေးတာကို သူသိပါတယ်။ သူက ဘယ်တော့မှ ကျွန်တော့်ကို ချီးမကျူးပါဘူး ဒါကလည်း ကောင်းတဲ့အရာတစ်ခုပါ။ ဘာလုပ်ရမယ်ဆိုတာနဲ့ ဂိုးသွင်းဖို့၊ ပြေးဖို့ ပြောခဲ့ပြီး မနေ့က လေ့ကျင့်ရေးမှာ ကျွန်တော့်ကို ခက်ခဲတဲ့ ကစားနည်းတစ်ခုပေးခဲ့တယ်။ အဲ့ဒီအကြောင်း ကျွန်တော်က အိမ်မှာတွေးနေပြီး သူက တကယ့်ကိုကောင်းတဲ့သူတစ်ယောက်ပါ။ ဒီဂိုးတွေက သူ့အတွက်ပါ" လို့ ပြောပါတယ်။
အန်းဒရစ်က ဆဲလ်တာဗီဂိုနှင့်ပွဲမှာ သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူပြီးနောက် အင်္ကျီကို ချွတ်ခဲ့ပြီးကစားသမားဘဝ စမ်းသပ်မှုကာလတစ်ခုအပြီး စိတ်ခံစားချက်များ ထွက်လာစေရန် ထပ်လောင်းပြောကြားခဲ့ပါတယ်။ "ပထမဆုံးက ကျွန်တော့်အတွက် အလွန်အရေးကြီးတဲ့ ဂိုးဖြစ်ပါတယ်။ ဂိုးသွင်းရမှာကလည်း ကျွန်တော့်အလုပ်ပါ။
အသင်းအတွက် အလုပ်ကောင်းကောင်းလုပ်မယ်၊ ဂိုးတွေသွင်းမယ်၊ ဘာပဲလုပ်လုပ် မက်ဒရစ်အတွက် ဒီပရိသတ်တွေ၊ ကစားသမားတွေ၊ ဝန်ထမ်းတွေအတွက် ဂိုးတွေသွင်းရမှာပါ။ ပြီးခဲ့တဲ့ ကိုပါပွဲမှာ ကျွန်တော်က အခွင့်အရေးတွေကို လွဲချော်ခဲ့ပါတယ်။ ဒီနေ့မှာ အခွင့်အရေး ၂ ကြိမ်ရခဲ့ပြီး ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်" လို့ အန်းဒရစ်က ပြောပါတယ်။
လာလီဂါချန်ပီယံဘွဲ့ကိုကာကွယ်မယ့် ရီးရဲလ်မက်ဒရစ်ဟာ တနင်္ဂနွေနေ့တွင် လက်စ်ပါးမက်နှင့် အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး၊ အန်ဆယ်လော့တီရဲ့အသင်းဟာ လက်ရှိတွင် စပိန်ထိပ်သီးကလပ်အက်သလက်တီကိုနှင့် ၁ မှတ်အကွာတွင် ရှိနေသော်လည်း ကလက်စီကိုပြိုင်ဘက် ဘာစီလိုနာကို ၅ မှတ်ဖြတ်ထားပါတယ်။