The network connection is lost.

Banner Image

ဆော်ဒီမြေမှာ စပိန်စူပါဖလားကန်တာကို ဝေဖန်လိုက်တဲ့ ဘီလ်ဘာအိုစတား အီနာကီဝီလီယံ

ဘီလ်ဘာအိုစတား အီနာကီဝီလီယံကတော့ စပိန်စူပါဖလားကို ဆော်ဒီမြေမှာကန်ဖို့ ဆုံးဖြတ်ခဲ့တဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ကို ဝေဖန်လိုက်ပါတယ်။ ၂၀၂၀ နောက်ပိုင်းကတည်းက စပိန်စူပါဖလားကို ဆော်ဒီမြေမှာကန်ခဲ့တာဖြစ်ပြီး ဆော်ဒီဟာ စပိန်စူပါဖလားအပြင် စူပါကိုပါအီတာလီယာဖလားပြိုင်ပွဲနဲ့လည်း စာချုပ်ချုပ်ထားခဲ့တာဖြစ်ပါတယ်။

စပိန်စူပါဖလားပြိုင်ပွဲကို ယခင်တုန်းက ၂ သင်းအစား အခု ၄ သင်းအထိ ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ၆ နှစ်အတွင်းမှာ ဘီလ်ဘာအိုအသင်းဟာ စပိန်စူပါဖလားပြိုင်ပွဲရဲ့ပုံစံအသစ်မှာ ပါဝင်လာခဲ့ပြီး အခုလိုမျိုး ဆော်ဒီမြေကိုသွားကန်လို့ ဝီလီယံက ဝေဖန်ခဲ့တာဖြစ်ပါတယ်။

“ပရိသတ်အနည်းငယ်နဲ့ ကျွန်တော်တို့က အဝေးကွင်းကန်ရသလိုဖြစ်နေပါတယ်။ အဲ့တာက ပွဲကောင်းတစ်ပွဲဖြစ်ပေမယ့် ရှက်စရာလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကွင်းမှာသာဆိုရင် ပရိသတ်အများကြီးနဲ့ကန်ရတာမျိုးဖြစ်နေမှာပါ။ အခုတော့ အဝေးကွင်းမှာ ပရိသတ်တွေ ၊ မိသားစုတွေနဲ့အဝေးမှာကန်နေရပါတယ်။ ကျွန်တော့်အတွက်တော့ အခုလိုမျိုး ဆော်ဒီမြေမှာကန်တာက အဓိပ္ပာယ်မရှိဘူးလို့ထင်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်ဘောလုံးပြိုင်ပွဲက ဘယ်လိုအလုပ်လုပ်လဲဆိုတာကို ပြသနေပါတယ်”လို့ ဝီလီယံက မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။

စပိန်စူပါဖလားကို ဆော်ဒီမြေမှာ ကျင်းပဖို့ စာချုပ်ချုပ်ထားခဲ့တာဖြစ်ပြီး လာမယ့် ၂ နှစ်မှာတော့ ကွင်းအနေအထားကို ပြောင်းလဲဖွယ်ရှိနေပါတယ်။