The network connection is lost.

Banner Image

မန်စီးတီးနှင့်ပွဲမတိုင်မီ အန်တိုနီ ဂေါ်ဒန်ရဲ့ ဒဏ်ရာအခြေအနေကို ပြောကြားလိုက်တဲ့ အက်ဒီဟိုဝီ

အန်တိုနီ ဂေါ်ဒွန်ဟာ လက်ရှိရာသီတွင် နယူးကာဆယ်အတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး ယခုအချိန်အထိ ပြိုင်စုံ ပွဲ ၃၀ ကစားပြီး ၁၅ ဂိုး သွင်းယူပေးထားပါတယ်။ ထိုအထဲတွင် ပြီးခဲ့တဲ့ရက်သတ္တပတ်က ကာရာဘောင်ဖလားပွဲစဉ်အဖြစ် အာဆင်နယ်နှင့်ကစားစဉ် သွင်းယူခဲ့တဲ့ သွင်ဂိုး ၁ ဂိုး ပါဝင်ခဲ့ပြီး နယူးကာဆယ်ဟာ လာမည့်လတွင် ဝင်ဘာလေမှာ လီဗာပူးနှင့် ဗိုလ်လုပွဲကစားရမမှာဖြစ်ပါတယ်။

သို့သော်လည်း အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟာ ထိုပွဲစဉ်တွင် ပေါင်ဒဏ်ရာရရှိခဲ့ပြီး အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲအဖြစ် ဘာမင်ဂမ်အား အနိုင်ရခဲ့တဲ့ပွဲကို မပါဝင်နိုင်ခဲ့ပါဘူး။ နယူးကာဆယ်ဟာ စနေနေ့တွင် မန်စီးတီးနှင့် အိမ်ကွင်းမှာ ကစားရမှာဖြစ်ကာ ကလပ်နှစ်ခုလုံးက ရမှတ်တူညီနေပြီး ထိပ်ဆုံးလေးသင်းအနီးတွင် ရှိနေပါတယ်။ ဒါကြောင့် အက်ဒီဟောင်းက သူရဲ့အကောင်းဆုံးကစားသမားတွေအားလုံး ပါဝင်နိုင်ရန် အလွန်လိုလားနေပါတယ်။

ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာတွင် နယူးကာဆယ်မန်နေဂျာက ဂေါ်ဒန်က ထိုပွဲစဉ်ကို စတင်ကစားနိုင်ရန် အဆင်သင့်ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ "အန်တိုနီက အဆင်ပြေနေပါတယ်။ သူက ဒီတစ်ပတ်တွင် လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ပြီး ပြဿနာမရှိပါဘူး။ ပေါင်ဒဏ်ရာဖြစ်ခဲ့သော်လည်း သူက ကုသမှုကို ကောင်းစွာတုံ့ပြန်ခဲ့ပြီး လေ့ကျင့်ခန်းများကို ကောင်းစွာပြုလုပ်ခဲ့ပါတယ်"

"ကျွန်တော်တို့အတွက် ဒီရက်သတ္တပတ်တွေက အလွန်ကောင်းမွန်တဲ့ အချိန်ဖြစ်လာမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ အားသာချက်များကို အကဲဖြတ်ရန်နှင့် ပရီးမီးယားလိဂ်တွင် မည်မျှအထိယှဉ်ပြိုင်နိုင်သလဲဆိုတာကို ကြည့်ရှုရန်လည်း ဖြစ်ပါတယ်" "ဒီရာသီမှာ ကျွန်တော်တို့က အတော်လေး ခိုင်မာခဲ့လာပြီး အသင်းတိုင်းကို အကောင်းဆုံးရင်ဆိုင် ကစားနိုင်ခဲ့ပါတယ်။ ဒီအချိန်က ပရီးမီးယားလိဂ်ရာသီရဲ့ အရေးကြီးတဲ့ အပိုင်းဖြစ်ပြီး ကျွန်တော်တို့အတွက် အဓိပ္ပာယ်ရှိတဲ့ ရက်သတ္တပတ်တွေ ဖြစ်လာမှာပါ" လို့ နည်းပြက ပြောပါတယ်။

အသက် ၂၃ နှစ်အရွယ် ဂေါ်ဒန်ဟာ စက်တင်ဘာလက နယူးကာဆယ်နှင့် မန်စီးတီးတို့ ၁-၁ ဂိုးသရေကျခဲ့တဲ့ ပွဲစဉ်တွင် ဂိုးသွင်းခဲ့ပြီး အဆိုပါပွဲစဉ်က နယူးကာဆယ်အတွက် အီသီဟတ်တွင် အနိုင် ၃ မှတ်ရရှိရန် ကောင်းမွန်တဲ့ အခွင့်အရေးဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ပက်ဂွါယိုလာက လာမည့်ရက်သတ္တပတ်တွင် ရီးရဲလ်မက်ဒရစ်နှင့် ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ကစားသမားများကို အနားပေးနိုင်တာကြောင့်ဖြစ်ပါတယ်။

ထို့အပြင် အက်ဒီဟိုဝီက ခံစစ်မှူးနှစ်ဦးဖြစ်တဲ့ ဘော့မန် နှင့် ဒန်ဘန်တို့ရဲ့ အပြုသဘောဆောင်သော အခြေအနေများကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ "ဘော့မန်ရဲ့ ဓာတ်မှန်ရလဒ်က ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ကတော့ သူ့မှာ ရေရှည်ပြဿနာမရှိဘူးလို့ ထင်ပါတယ်။ သူက ယခုရက်သတ္တပတ်မှာ ကစားမယ့်ပွဲကို ပါဝင်နိုင်အုံးမှာ မဟုတ်ပေမယ့် နောက်ထပ်ကစားဖို့အတွက် မဝေးတော့ပါဘူး"

"ဒန်ဘန်ရဲ့ ကနဦးအခြေအနေက သိပ်မကောင်းသော်လည်း သူရဲ့ဓာတ်မှန်ရလဒ်က ကောင်းမွန်ခဲ့ပြီး မြန်ဆန်စွာတိုးတက်လာခဲ့ပါတယ်။ ဒါကြောင့် သူက ယခုရက်သတ္တပတ်မှာ ပါဝင်နိုင်မှာဖြစ်ပါတယ်" လို့ နည်းပြက ပြောပါတယ်။