The network connection is lost.

Banner Image

ချဲလ်ဆီးအား ရှုံးနိမ့်ပြီးနောက် ဂေါ်ဒွန်ရဲ့ ဒဏ်ရာအခြေအနေကို ပြောကြားလိုက်တဲ့ အက်ဒီဟိုဝီ

ဒီရာသီ ပရီးမီးယားလိဂ်မှာ ၉ ဂိုးသွင်းပြီး ၅ ဂိုး ဖန်တီးထားတဲ့ တောင်ပံကစားသမားဟာ တနင်္လာနေ့ညနေက စတန်းဖို့ဒ်ဘရစ်ချ်မှာ ပထမပိုင်း ကစားပြီးနောက် ထွက်ခဲ့ရပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်က ကစားသမားတွေရဲ့ အခြေအနေကို ကြည့်ရှုရန် စတန်းဖို့ဒ်ဘရစ်ခ်ျတွင် ရှိနေခဲ့ပြီး ယခုလနှောင်းပိုင်းတွင် ဘရာဇီး၊ ဘယ်လ်ဂျီယံတို့နှင့် ခြေစမ်းပွဲအတွက် လူစာရင်းတွင် ပါဝင်ဖို့ စဉ်းစားထားတဲ့ထဲမှာ ဂေါ်ဒွန်လည်း ပါဝင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ဒူးဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

"ဂေါ်ဒွန်က ဘာဖြစ်သွားလဲဆိုတာ ကျွန်တော်တို့မသိသေးပါဘူး" "သူ့မှာ ဒူးဒဏ်ရာပြဿနာရှိပါတယ်။ အခုမှ ခံစားရတဲ့ ဝေဒနာပါပဲ၊ အရင်ကဖြစ်ခဲ့တာမရှိဘူးလို့ ပြောပါတယ်" "သူက နည်းနည်းတော့ နာကျင်နေပုံရပြီး အခြေအနေအတွက် ကျွန်တော်တို့စိုးရိမ်မိပါတယ်။ ဒါပေမယ့် ပြောဖို့အရမ်းစောနေသေးတာကြောင့် စောင့်ကြည့်ကြရမှာပါ" "ဒီနှစ်မှာ ကျွန်တော်တို့အတွက် ခြေစွမ်းပြထားတာကြောင့် သူ့ကို ဆုံးရှုံးလိုက်ရတာဟာ ကြီးမားတဲ့ အခိုက်အတန့်ဖြစ်ပြီး ကစားသမားတွေ အတွက် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တစ်ခုပါပဲ" လို့ ပွဲအပြီးမှာ အက်ဒီဟိုဝီက ပြောပါတယ်။

ပွဲအပြီးမှာ ဂေါ်ဒွန်ရဲ့ အခြေအနေကို မေးတဲ့အခါ အက်ဒီဟိုဝီက "သူနည်းနည်းနာနေတယ်ထင်တယ်၊ ဒဏ်ရာက ဘာလဲဆိုတာ မသေချာသေးတာဖြစ်ပြီး အဲဒါက ပိုဆိုးတဲ့ခံစားချက်ကို ထပ်ဖြစ်သွားနိုင်တယ်ထင်ပါတယ်။ သူခံစားရတဲ့ ဒဏ်ရာကဘာလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိချင်ပါတယ်" "နောက်နှစ်ရက်အတွင်း သူ့ကို ပြောပြနိုင်မယ်လို့ မျှော်လင့်ပြီး တွေ့ခွင့်ရဖို့ မျှော်လင့်ပါတယ်" "အထူးသဖြင့် ဆောက်ဂိတ်ရဲ့ရှေ့မှာ ထွက်သွားရတာကြောင့် သူလည်း စိတ်ပျက်သွားပါလိမ့်မယ်" လို့ ဖြေပါတယ်။