The network connection is lost.

Banner Image

ဒူရန်အတွက် ယူရိုသန်း ၇၀ ဖြင့် အယ်လ်နာဆာရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်တဲ့ ဗီလာ

ဒူရန်ဟာ ရော်နယ်ဒို နှင့် တွဲဖက်ကစားရန် အသင့်ဖြစ်နေပြီဖြစ်ကာ ဗီလာဟာ အယ်လ်နာဆာ ထံမှ ယူရို ၇၀ သန်း (ပေါင် ၅၉ သန်း ၊ ဒေါ်လာ ၇၃ သန်း) ဖြင့် ကမ်းလှမ်းမှုကို လက်ခံလိုက်ကြောင်း သတင်းများထွက်ပေါ်လာပါတယ်။ L'Equipe ရဲ့ဖော်ပြချက်အရ ဒူရန်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာသို့ ပြောင်းရွှေ့ပြီး ရော်နယ်ဒို နှင့် တွဲဖက်ကစားရန် အသင့်ဖြစ်နေပြီဖြစ်ပါတယ်။ ဗီလာဟာ အသက် ၂၁ နှစ်အရွယ် ဒူရန် အတွက် ယူရို ၇၀ သန်း (ပေါင် ၅၈ သန်း ၊ ဒေါ်လာ ၇၃ သန်း) ကမ်းလှမ်းချက်ကို လက်ခံရန် အသင့်ရှိနေပြီး လူငယ်ကစားသမားကလည်း အရှေ့အလယ်ပိုင်းကလပ်နှင့် စာချုပ်အတွက် သဘောတူညီပြီးဖြစ်ပါတယ်။

အရင်ကတည်းက ဗီလာဟာ ဒူရန်အား ဇန်နဝါရီလတွင် အသင်းမှ ထွက်ခွာခွင့်မပြုရန် ဆုံးဖြတ်ထားခဲ့တာပါ။ သို့သော်လည်း ပီအက်စ်ဂျီက သူ့ကိုနွေရာသီတွင် ဝယ်ယူရန် အစီအစဉ်ရှိကြောင်း သိရပြီး Foot Mercato ရဲ့ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်သည်လည်း ဒူရန်အတွက် ပြိုင်ဆိုင်ခေါ်ယူဖို့ ဝင်ရောက်လာကာ အန်းဒရစ်နှင့် လဲလှယ်ရန် အသင့်ရှိကြောင်း သိရပါတယ်။ သို့သော် ယခုအခါ အယ်လ်နာဆာ က ထိုအသင်းနှစ်သင်းထက် ရှေ့သို့ရောက်ရှိနေကြောင်း ပေါ်လွင်လာပါတယ်။  

ရော်နယ်ဒိုဟာ သူရဲ့အသင်းအား ဒုတိယရာသီဝက်တွင် ဆော်ဒီပရိုလိဂ်ချန်ပီယံဆုအတွက် ပြိုင်ဆိုင်နိုင်ရန် တိုက်စစ်မှူးအသစ်တစ်ဦးကို ဝယ်ယူရန် တွန်းအားပေးနေခဲ့ပါတယ်။ တယ်လီစကာက ဖီနာဘာချီသို့ ပြောင်းရွှေ့သွားပြီးနောက် အယ်လ်နာဆာတွင် နိုင်ငံခြားသားကစားသမားအတွက် နေရာလွတ်တစ်ခု ရှိနေပါတယ်။

ရော်နယ်ဒို နှင့် အယ်လ်နာဆာဟာ ကြာသပတေးနေ့တွင် အယ်လ်ရိဒ်ရဲ့အိမ်ကွင်းတွင် လိဂ်ပွဲစဉ်အဖြစ် ပြန်လည်ကစားရန် ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ ဒူရန်ဟာ ဗီလာအတွက် ဗုဒ္ဓဟူးနေ့တွင် ဆဲလ်တစ် နှင့် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပြန်လည်ကစားရန် ရှိနေပါတယ်။