၆ ပွဲကစားပြီးနောက် ဘိုင်ယန်မြူးနစ်သို့ အပြီးသတ်ပြောင်းရွှေ့သွားတဲ့ ဒိုင်ယာ
အသက် ၃၀ အရွယ် ဒိုင်ယာဟာ ဇန်နဝါရီလမှာ တော့တင်ဟမ်ကနေ ဂျာမန်ချန်ပီယံအသင်းထံသို့ အငှားဖြင့် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
မူလစာချုပ်ဟာ ရာသီကုန်တွင် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ် ၁၂ လ သက်တမ်းတိုးရန် ရွေးချယ်ခွင့်ရှိနေတာဖြစ်ပါတယ်။
သို့သော်လည်း The Athletic ရဲ့အဆိုအရ ယခုပြောင်းရွှေ့မှုကို အမြဲတမ်းအပြောင်းအရွှေ့အဖြစ် ပြောင်းလဲရန် စာချုပ်အချက်အလက်များကို ဒိုင်ယာက လုပ်ဆောင်ပြီးသွားပြီဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ အငှားစာချုပ်အတွက် တော့တင်ဟမ်အား ပေါင် ၃.၅ သန်း ပေးချေခဲ့ရတယ်လို့ ထင်ရပါတယ်။
ဒါကြောင့် အင်္ဂလန်လက်ရွေးစင်ဟောင်းကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်မှတ်ရေးထိုးနိုင်မှာဖြစ်ပါတယ်။
ကလပ်အကြီးအကဲတွေဟာ အသင်းသို့ရောက်ရှိလာကတည်းက ဒိုင်ယာရဲ့ ပံ့ပိုးကူညီမှုနှင့် ခေါင်းဆောင်မှုစွမ်းရည်များကို သဘောကျနေကြတာဖြစ်ပါတယ်။
ဒိုင်ယာဟာ လက်ရှိအချိန်အထိ ဘွန်ဒက်စ်လီဂါတွင် ၆ ပွဲကစားထားပြီး Clean Sheet ၁ ပွဲ ရရှိဖို့ ကူညီပေးထားပါတယ်။
ဒါကြောင့် ဒိုင်ယာဟာ ဂျာမန်လိဂ်ဖလားကို ကိုင်မြှောက်ဖို့အတွက် ဟယ်ရီကိန်းနဲ့အတူ ဆက်ရှိနေမှာ ဖြစ်ပါတယ်။
လက်ရှိတွင် ဘိုင်ယန်မြူးနစ်ဟာ ဇာဘီအလွန်ဆိုရဲ့လေဗာကူဆင်၏နောက် ၇ မှတ်အကွာတွင် ရပ်တည်နေပါတယ်။
တူချယ်ဟာ ရာသီကုန်မှာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပြီးနောက် နွေရာသီမှာ ဘိုင်ယန်မြူးနစ် ခေါ်ယူမယ့် နည်းပြစာရင်းတွင် အလွန်ဆိုက ပါဝင်နေပါတယ်။
တူချယ်ရဲ့အသင်းဟာ မနက်ဖြန်တွင် ဖရီးဘာ့ဂ်အသင်းနှင့်ကစားပြီးနောက် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့အဖြစ် လာဇီယိုနှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။