The network connection is lost.

Banner Image

အိုက်စလန်အား ရှုံးနိမ့်ပြီးနောက် ယူနိုက်တက် ကြယ်ပွင့်အပေါ် ဝေဖန်မှုအား တုံ့ပြန်ပြောကြားလိုက်တဲ့ ဒီကလန်ရိုက်စ်

ပရီးမီးယားလိဂ်အသင်းကြီးအတွက် စိတ်ပျက်ဖွယ်ရာ ရာသီဖြစ်ခဲ့သော်လည်း လူငယ်ကစားသမားလေးက ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက အက်ဖ်အေဖလားဖိုင်နယ်တွင် အနိုင်ဂိုးသွင်းယူပေးခဲ့ကာ ခြေစွမ်းပြသခဲ့သော်လည်း မနေ့ညက ဝင်ဘာလေမှာ ကစားတဲ့ပွဲမှာတော့ အသက် ၁၈ နှစ်အရွယ်ကစားသမားက အခြားတစ်ဦးလိုဖြစ်နေခဲ့ပါတယ်။

အင်္ဂလန်ဟာ ပရိသတ်တွေရဲ့ရှေ့မှာ စိတ်ပျက်ဖွယ်ရာဖြစ်ခဲ့ပြီးနောက် လှောင်ပြောင်ခြင်းခံခဲ့ရကာ နောက်ဆုံးမှာ ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ အိုက်စ်လန်ရဲ့ အနိုင်ရဂိုးအတွက် မိုင်နူးဟာ အမှားအယွင်းရှိတဲ့ ကစားသမားများစွာထဲမှ တစ်ဦးဖြစ်ပြီး သူ့ရဲ့တွဲဖက်ဖြစ်တဲ့ ယူနိုက်တက်ကစားသမားဟာ တိုးတက်လာပြီး ဂျာမနီမှာကစားမယ့် ဆားဘီးယားနှင့်ပွဲမှာ ခြေစွမ်းပြသနိုင်မှာပါလို့ ရိုက်စ်က ပြောကြားလိုက်ပါတယ်။

"ဟုတ်ပါတယ်။ ကျွန်တော်တို့က အဲဒါကို မတ်လမှာ လုပ်ခဲ့ပြီး တကယ်ကို အပြုသဘောဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ ရှုံးသွားတဲ့အတွက် တစ်ချို့လူတွေ ပြောနေကြတာကို ကြားပါတယ်။ မိုင်နူးက ငယ်ရွယ်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်"

"ကျွန်တော်လည်း လူငယ်ကစားသမားပါ ကျွန်တော်တို့ရဲ့ ကွင်းလယ်က ကစားသမားတွေက ငယ်ကြပါတယ်။ ကျွန်တော်တို့က ကစားပွဲတိုင်းမှာ သင်ယူပြီး အဲဒါက ဘောလုံးရဲ့ အလှပါပဲ" လို့ ရိုက်စ်က ပြောပါတယ်။

ပွဲအပြီးမှာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က "ကျွန်တော် လုံးဝနားလည်ပါတယ်။ ပွဲထဲမှာ သူတို့ကို စိတ်လှုပ်ရှားနေအောင် ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး" "ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တို့မှာ ပုံမှန်အားဖြင့် အဆုံးသတ်ရမယ့် အခွင့်အရေးတွေ အများကြီးရှိခဲ့ပြီး ဒါကပွဲအတွက် ကွဲပြားတဲ့အရာကို ပေးစွမ်းနိုင်သလို ပြိုင်ဘက်ရဲ့ ယုံကြည်မှုကိုလည်း ထိခိုက်စေမှာ သေချာပါတယ်"

"ဒါပေမယ့် ဒီညမှာ ချို့ယွင်းချက်တချို့ကိုလည်း ဖုံးကွယ်ထားနိုင်ခဲ့ပါတယ်" "ကျွန်တော့်အမြင်အရတော့ ပွဲကနေ အများကြီး သင်ယူခဲ့ရပေမယ့် ပရိသတ်တွေရဲ့ တုံ့ပြန်မှုကိုကတော့ အနှောင့်ယှက်မဖြစ်ပါဘူး"

"ဒီမှာ ပရိသတ်တွေက အားလုံးနဲ့အတူရှိဖို့က ကြီးမားတဲ့ခြားနားချက်တစ်ခုကို သိသာထင်ရှားစေပါတယ်။ ဒါပေမယ့် သူတို့ကို လုံလောက်တဲ့ ဂိုးသွင်းမှုမျိုးတွေ လုပ်ပေးရမှာပါ၊ လုံလောက်တဲ့ကစားပုံ၊ ဖိအားပေးကစားပြီး အနိုင်ယူပြရမှာပါ" "ဒီညတော့ ကျွန်တော်တို့ မလုပ်နိုင်ဘူးဆိုတော့ ပရိသတ်တွေရဲ့တုံ့ပြန်မှုကို လက်ခံရမှာပါ" လို့ ပြောပါတယ်။