The network connection is lost.

Banner Image

ပေါ့ဂ်ဘာနှင့်ပတ်သက်ပြီး ပြောကြားလိုက်တဲ့ ဒီဇာဘီ

ရောဘတ်တို ဒီဇာဘီက မာဆေးလ်ဟာ ပေါလ်ပေါ့ဂ်ဘာကို ခေါ်ယူရန် စိတ်ဝင်စားဖွယ်ရှိကြောင်း အိုလံပီယံကနည်းပြ "ကျွန်တော့်အသင်းမှာ ချန်ပီယံတွေပဲ" လိုချင်ကြောင်း ပြောကြားခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်စ်အသင်းနှင့် ပြီးခဲ့တဲ့လက နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် အလွတ်အေးဂျင့်ဖြစ်နေတာပါ။

၂၀၁၈ ကမ္ဘာ့ဖလားဆုရှင်ဟာ လက်ရှိတွင် တားမြစ်ဆေးသုံးစွဲမှုအတွက်ပွဲပယ်ကာလကို ၄ နှစ်မှ ၁၈ လအထိလျှော့ချခြင်းခံလိုက်ရတာကြောင့် ဇန်နဝါရီတွင် လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်ကာ ၂ လအကြာတွင် ယှဉ်ပြိုင်မှုပြုလုပ်တော့မှာဖြစ်ပါတယ်။

မာဆေးလ်ဟာ ပေါ့ဂ်ဘာကို ချိတ်ဆက်နေတဲ့ ကလပ်များထဲမှ တစ်ခုဖြစ်ပြီး ဥက္ကဌ လွန်ဂိုရီယာက အသက် ၃၁ နှစ်အရွယ် ကစားသမားကို ခေါ်ယူရန်အတွက် တံခါးပိတ်ထားမည်မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီဇာဘီက သူ့အနေနဲ့ အလားအလာရှိတဲ့ အပြောင်းအရွှေ့အကြောင်း မပြောသေးဘူးလို့ အခိုင်အမာပြောခဲ့ပေမယ့် ပေါ့ဂ်ဘာအတွက် နေရာရှာရန် ကြိုးစားဖို့ ပွင့်ပွင့်လင်းလင်း ပေါ်လာခဲ့ပါတယ်။

"ကျွန်တော့်အသင်းမှာ ချန်ပီယံတွေပဲ ရှိချင်ပါတယ်။ ပေါ့ဂ်ဘာက အမြဲတမ်းချန်ပီယံဖြစ်ခဲ့ပေမယ့် ရိုးရိုးသားသားပြောရရင် ဝန်ထမ်းတွေနဲ့ ကျွန်တော့်ရဲ့ ဆွေးနွေးမှုအတွင်းမှာ ကျွန်တော်တို့က အဲဒီအကြောင်းကို တစ်ခါမှ မပြောခဲ့ဖူးပါဘူး"

"ဇန်နဝါရီလမှာ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေအတွက် ကစားသမားတွေကို ရှာဖွေဖို့ အထူးလိုအပ်ပါတယ်။ ချန်ပီယံတွေ ရောက်ရှိလာခဲ့ရင်တော့ နေရာကို ရှာဖွေပြီး အတူရှိနိုင်မယ်ဆိုတာ သေချာပါတယ်" "ဒါက ကျွန်တော့်အတွက် လုံးဝပြဿနာမဖြစ်ပါဘူး။ အသင်းမှာ ထိပ်တန်းကစားသမားတွေရှိတဲ့အခါ ဒါက ကျွန်တော့်ပြဿနာမဟုတ်ပေမယ့် ပြိုင်ဘက်တွေရဲ့ ပြဿနာပါ" လို့ သတင်းထောက်တွေကို ဒီဇာဘီက ပြောကြားခဲ့ပါတယ်။

မာဆေးလ်ဟာ လက်ရှိ လီဂူးဝမ်းတွင် ရမှတ် ၃၀ ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ ပီအက်စ်ဂျီနောက် ၁၀ မှတ်အကွာမှာ ရပ်တည်နေပါတယ်။ ဒီဇာဘီရဲ့ အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ကိုပါဒီဖရန့်စ် ၆၄ သင်းအဆင့်တွင် စိန့်အီတီယန်နီ နဲ့ ကစားရမှာ ဖြစ်ပြီး ၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးပွဲလည်းဖြစ်ပါတယ်။