အခြေအနေတွေအပေါ်မူတည်ပြီး ဘာစီလိုနာကနေ ထွက်ခွာမယ်လို့ ပြောကြားလိုက်တဲ့ ဒီဂျောင်
တိကျတဲ့အခြေအနေတစ်ခုအတွင်းမှာ ဘာစီလိုနာကွင်းလယ်ကစားသမား ဒီဂျောင်ဟာ အသင်းကနေထွက်ခွာတော့မှာဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံသားရဲ့စာချုပ်က ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် အနာဂတ်နှင့်ပတ်သက်ပြီး ဆွေးနွေးနေတာတွေမရှိပါဘူး။
ဒီဂျောင်က စာချုပ်သက်တမ်းတိုးပါက ဘာစီလိုနာဟာ နွေရာသီမှာ သူ့ကို ယူရိုသန်း ၂၀ ဖြင့်ရောင်းချမှုကို လက်ခံမှာဖြစ်ပြီး ကစားသမားအနေနဲ့ လစာဖြတ်တောက်မှုကိုပါ ခံရမှာဖြစ်ပါတယ် ဒီအကြောင်းအရာတွေကို ပြည်တွင်း သတင်စားတွေက ပြောကြားနေကြသော်လည်း ဒီဂျောင်က ငြင်းဆိုခဲ့တာဖြစ်ပါတယ်။
"ကျွန်တော့်ရဲ့စာချုပ်သက်တမ်းတိုးမှုက ဒီကသတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာရှိနေပါတယ်။ ကျွန်တော့်အတွက်တော့ အဲ့ဒီလိုမဟုတ်ပါဘူး။ ကျွန်တော်က ဘောလုံးကိုသာ ကစားချင်တာဖြစ်ပြီး ကလပ်က ကျွန်တော်နဲ့အတူ ဘာလုပ်မလဲ ဆိုတာ ကြည့်ရမှာဖြစ်ပြီး အဲ့ဒီနောက် ဘာလုပ်ရမလဲဆိုတာကို ဆုံးဖြတ်သွားမှာပါ" လို့ Voetbal International တွင် သူက ပြောကြားခဲ့ပါတယ်။
ဒီဂျောင်ဟာ လက်ကျန်စာချုပ်ကို ဖျက်သိမ်းပြီး ဘာစီလိုနာကနေ အလွတ်ဖြင့်ထွက်ခွာမယ်လို့ ကလပ်ရှိလူအချို့က ထင်နေကြပါတယ်။ မလုပ်နိုင်တော့ဘူးလို့ ထင်တဲ့အခါ အသင်းနေထွက်ခွာမယ်လို့ ဒီဂျောင်က ပြောကြားထားပါတယ်။ "ဒီမှာကအရမ်းကိုကောင်းနေတဲ့အတွက် ကျွန်တော်ဟာ ဘာစီလိုနာမှာပဲ အမြဲတမ်းနေသွားမယ်လို့ လူတွေက ထင်နေကြတာပါ။ သို့ပေမယ့် ကွင်းအတွင်းဖြစ်ရပ်တွေထက် သိပ်ပြီးအရေးမပါတာတွေလည်းရှိပါတယ်။ လုံလောက်စွာမလုပ်နိုင်တော့ဘူးလို့ ခံစားမိရင် ကျွန်တော်ထွက်ခွာမှာပါ" လို့ သူက ပြောပါတယ်။
ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့အချိန် နည်းပြသစ်ဟန်ဆီဖလစ်ရောက်လာကတည်းက ဒီဂျောင်ဟာ ပွဲထွက်ခွင့် ရရှိဖို့အတွက် ရုန်းကနေရတာဖြစ်ပါတယ်။ ဒီရာသီမှာ ၈ ပွဲသာကစားထားရပြီး မိနစ်အားဖြင့် ၃၆၂ မိနစ်သာရှိပါတယ်။