
ခဗာရက်စ်ခီလီယာရဲ့ ထွက်ခွာမှုကို နာပိုလီက ရပ်တန့်ဖို့ လိုအပ်ပါတယ်လို့ ပြောကြားလိုက်တဲ့ ကွန်တီ
နောက်ထပ်ပွဲစဉ်အဖြစ် အတ္တလန္တာနှင့် ယှဉ်ပြိုင်ရမှာဖြစ်ပြီး နာပိုလီအနေနဲ့ ခဗာရက်စ်ခီလီယာ မရှိတော့တဲ့ အနေအထားမှာ အမြန်အသားကျဖို့အတွက်လိုအပ်တယ်လို့ ကွန်တီက ပြောကြားလိုက်ပါတယ်။ ကြာသပတေးနေ့တုန်းက ဆိုရှယ်မီဒီယာတွင် နှုတ်ဆက်စကားဆိုကာ ကလပ်မှထွက်ခွာမှုကို ကစားသမားက အတည်ပြုခဲ့ပြီး သောကြာမှာတော့ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့မှုက အတည်ပြုနိုင်ခဲ့ပါတယ်။
ဂျော်ဂျီယာနိုင်ငံသားဟာ နာပိုလီမှာ ၂ နှစ်ခွဲ ကစားခဲ့ပြီး ၂၀၂၂-၂၃ ရာသီ တတိယအကြိမ်မြောက် စီးရီးအေဆုဖလားရရှိခဲ့မှုတွင် ခြေစွမ်းပြသခဲ့ပြီး ၁၂ ဂိုးသွင်း ၁၀ ဂိုး ဖန်တီပေးခဲ့ပါတယ်။ ဒဏ်ရာကြောင့် နာပိုလီရဲ့နောက်ဆုံး လိဂ် ၅ ပွဲရဲ့ ၃ ပွဲကိုလွဲချော်ခဲ့ပေမယ့် အသင်းကိုထိပ်ပိုင်းသို့ရောက်ဖို့ ကူညီပေးခဲ့ကာ ဂိုးပါဝင်ပတ်သက်မှု ၈ ကြိမ်အထိရှိခဲ့တာဖြစ်ပါတယ်။
"ဇန်နဝါရီ အထူးဖြစ်တယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါက အပြောင်းအရွှေ့ကို ဆိုလိုတာပါ။ ဘယ်သူပဲထွက်ထွက် ဘယ်သူပဲလာလာပါ" "အဝတ်လဲခန်းအတွင်း စည်ရုံးမှု၊ ကစားသမားတွေစည်းရုံးမှု ဆက်ဆံရေးတွေက သူတို့တွေ အတွင်းမှာပဲ ဖန်တီးရတာပါ။ ဒီလိုမျိုး အံ့အားသင့်စရာက မညီမျှမှုတွေကို သေချာပေါက် ဖြစ်စေမှာပါ"
"ဇန်နဝါရီ ၁ ရက်နေ့ကပြီး ကောင်းမွန်တဲ့စုဖွဲ့ကို ကျွန်တော်တို့က အကောင်းဆုံးထိန်းထားရမှာဖြစ်ပြီး ခဗာရက်စ်ခီလီယာ မရှိတော့အချိန်မှာ ကစားသမားသစ်တွေနဲ့ ကျွန်တော်တို့က ပြန်လည် ဖန်တီးယူရမှာဖြစ်ပါတယ်" "ဘာတွေပဲဖြစ်ဖြစ်ပါ ကျွန်တော်တို့က အားအင်တွေကို ဆုံးရှုံခံမှာမဟုတ်ဘဲ အသင်းအတွက်သာ အာရုံစိုက်ထားမှာပါ ကျွန်တော်တို့က အကောင်းဆုံးလုပ်ပြီး အသင်းကို ကာကွယ်သွားမှာဖြစ်လို့ ကစားသမားတွေက ထိုက်တန်မှုရှိပါတယ်" လို့ ကွန်တီက သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
တတိယနေရာက အတ္တလန္တာနှင့်ပွဲအပြီးမှာတော့ နာပိုလီဟာ ဂျူဗင်တပ်စ် (အိမ်ကွင်း) ၊ ရိုးမား (အဝေးကွင်း) တို့နှင့် ကစားရမှာဖြစ်ပါတယ်။