The network connection is lost.
ဂျမေကာအသင်းနည်းပြ ဟီမီယာကတော့ ယူနိုက်တက်စတားဟောင်း မေဆင်ဂရင်းဝုဒ်ကို နိုင်ငံအသင်းထံခေါ်ယူချင်နေပါတယ်။ ဂရင်းဝုဒ်ဟာ အင်္ဂလန်စီနီယာအသင်းအတွက် ၁ ပွဲသာ ပါဝင်ကစားထားပြီး မိခင်ဖြစ်သူကြောင့် ဂျမေကာအသင်းကို ကိုယ်စားပြုကစားနိုင်တာဖြစ်ပါတယ်။
ဖီဖာရဲ့စည်းမျည်းအရ အင်္ဂလန်အသင်းအတွက် ၃ ပွဲထက် လျော့နည်းပြီး ကစားထားရင် နိုင်ငံအသင်းပြောင်းလဲကစားခွင့်ရှိတာဖြစ်ပါတယ်။ အခုချိန်မှာလည်း ဂျမေကာ အသင်းနည်းပြ ဟီမီယာက မေဆင်ကို သူ့အသင်းထံခေါ်ယူချင်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
“ကျွန်တော် ဒီလိုအကြောင်းပြောရတာကို မကြိုက်ပါဘူး။ ဒါပေမယ့် ဒါက ကျွန်တော့်စိတ်ထဲကနေ လာတာပါ။ မေဆင်ကို ကျွန်တော့်အသင်းမှာ မြင်ချင်ပါတယ်။နည်းပြအားလုံးလိုပဲ ကျွန်တော်တို့အသင်းမှာ အကောင်းဆုံး ကစားသမားတွေရှိချင်ပါတယ်။ ဒါပေမယ့် အဲ့တာက ကစားသမား လုပ်ချင်လားဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်”လို့ ဟီမီယာက ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ဂရင်းဝုဒ်ကိုယ်တိုင်က အင်္ဂလန်အသင်း ကစားသမားဘဝကို ဆက်သွားချင်နေပါတယ်။ ဖိုဒန် နဲ့ သူနဲ့ပြဿနာတက်ခဲ့ပြီးနောက် နိုင်ငံအသင်းမှာ ကစားခွင့်မရတော့တာဖြစ်ပါတယ်။ သတင်းတွေအရ မေဆင်ဟာ ထိပ်တန်းအဆင့်တစ်ခုမှာပြန်ကစားချင်နေပေမယ့် ဆောက်ဂိတ်က ပြန်ခေါ်မလားဆိုတာတော့ မသေချာသေးတာဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ လက်ရှိမှာ ယူနိုက်တက်ကနေ ထွက်ခွာပြီးနောက် ဂီတာဖေး အသင်းမှာ အငှားလာကစားနေပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသနေပါတယ်။ သတင်းတွေအရ မေဆင်ဟာ စပိန်မြေမှာ အထိုင်ကျနေပြီး ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။