The network connection is lost.

Banner Image

ချန်ပီယံလိဂ်မှာဂိုးသွင်းနိုင်ဖို့က သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာတဲ့ ဂျော့ဂျ်

ချဲလ်ဆီးအသင်းရဲ့ ဆယ်ကျော်သက်တောင်ပံကြယ်ပွင့်ကစားသမား‌လေး တိုင်ရစ်ဂျော့ဂျ်ဟာ ကြာသပတေးနေ့နံနက်က အေဂျက်စ်ကို ၅-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ပြီးနောက် ချန်ပီယံလိဂ်မှာ ဂိုးသွင်းဖို့အိပ်မက် ပြည့်ဝခဲ့‌ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ အဆိုပါပွဲစဉ်မှာ မာ့ခ်ဂွီယူ၊ ကိုင်စီဒို၊ အန်ဇိုဖာနန်ဒက်ဇ်၊ အက်စတီဗာအိုနဲ့ ဂျော့ဂျ်တို့သွင်းဂိုးတွေကြောင့် စတန်းဖို့ဒ်ဘရစ်ချ်မှာ အေဂျက်စ်ကို အပြတ်အသတ်အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဂျော့ဂျ်က "ကျွန်တော့်အတွက် အရမ်းကောင်းတဲ့ညတစ်ညပါပဲ။ ကျွန်တော့်ရဲ့ပထမဆုံးချန်ပီယံလိဂ်သွင်းဂိုးကို သွင်းနိုင်ခဲ့လို့ အရမ်းပျော်သလို၊ အသင်းအတွက်လည်း ကောင်းမွန်တဲ့နိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်" "အနိုင်ရရုံနဲ့တင် ကျွန်တော်အရမ်းပျော်နေပါပြီ။ ဒီပွဲမှာ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး သွင်းဂိုးတွေအများကြီးနဲ့ ‌ပျော်စရာကောင်းခဲ့ပါတယ်။ ဒါက ချန်ပီယံလိဂ်ပြိုင်ပွဲပါ။ ဒါကြောင့် ကျွန်တော်တို့ ဒီနိုင်ပွဲအတွက် အောင်ပွဲခံရပါမယ်" 

"ကျွန်တော်တို့က အသက်ငယ်ရွယ်ပြီးတော့ ပျော်တတ်တဲ့လူငယ်လေးတွေပါ။ မန်နေဂျာကလည်း ကျွန်တော်တို့ကို တိုက်စစ်မှာ လွတ်လွတ်လပ်လပ်ကစားဖို့ခွင့်ပြုထားခဲ့ပြီး ပြီးခဲ့တဲ့နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်တုန်းကအတိုင်း ခြေစွမ်းပြသနိုင်ခဲ့ကြပါတယ်"

"ကျွန်တော့်အနေနဲ့ ချန်ပီယံလိဂ်မှာ ချဲလ်ဆီးအတွက်ဂိုးသွင်းယူနိုင်ဖို့ အတော်လေး စိတ်အားထက်သန်နေခဲ့ပြီး အခု သွင်းနိုင်ခဲ့လို့ အရမ်းပျော်ပါတယ်။ ချန်ပီယံလိဂ်မှာဂိုးသွင်းနိုင်ဖို့ ၈ နှစ်သားကတည်းက ကျွန်တော်အိပ်မက်မက်ခဲ့ရတာပါ။ အခုတော့ ကျွန်တော့်အိပ်မက်တွေတကယ်ဖြစ်လာခဲ့ပါပြီ" လို့ပြောကြားခဲ့ပါတယ်။

လာမယ့်စနေနေ့မှာတော့ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဆန်းဒါးလန်းကို အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ချ်မှာ ဆက်လက်ဧည့်ခံကစားသွားရမှာဖြစ်ပြီး နိုင်ပွဲဆက်နေမှုအရှိန်အဟုန်ကို ထပ်မံမြှင့်တင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။