The network connection is lost.

Banner Image

ယူနိုက်တက်က ဈေးနှုန်းသတ်မှတ်ပြီးနောက် အယ်လီဟန်ဒရို ဂါနာချို ပြောင်းရွှေ့ရေးကို ဆုံးဖြတ်ချက်ချလိုက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း ဂါနာချိုကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ပေမယ့် ယူနိုက်တက်နဲ့ သဘောတူညီမှု မရရှိခဲ့ပါဘူး။ ဂါနာချိုဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ယူနိုက်တက်ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပေမယ့် မကြာသေးခင်က သူ့ရဲ့ ခြေစွမ်း ကျဆင်းသွားခဲ့တာကြောင့် မန်ချက်စတာအင်အားကြီးအသင်းဟာ သူ့ကို ရောင်းချဖို့ ဖြစ်နိုင်ချေကိုလေ့လာနေပါတယ်။

သရဲနီတို့ဟာ ဇန်နဝါရီလမှာ ဂါနာချိုအတွက် ကမ်းလှမ်းမှုတွေကို လက်ခံခဲ့ပြီး ရူဘင် အမ်မိုရင်ရဲ့ အပြောင်းအရွှေ့ရန်ပုံငွေအတွက် ရှာဖွေဖို့အတွက် ဒီနွေရာသီမှာလည်း ကမ်းလှမ်းမှုတွေကို ထပ်မံနာထောင်အုံးမှာ ဖြစ်ပါတယ်။ အာမိုရင်ဟာ သူ့ရဲ့အစပိုင်းမှာ ရလဒ်ဆိုးရွားခဲ့ပြီးနောက် တိုက်စစ်မှူးသစ်၊ ကွင်းလယ်ကစားသမားသစ်နဲ့ ဂိုးသမားသစ်တို့ကို ခေါ်ယူချင်ပေမယ့် ရောင်းချမှုတွေ အရင်လိုအပ်မယ်ဆိုတာကို သိရှိထားပါတယ်။

ယူနိုက်တက်ဟာ ဇန်နဝါရီလမှာ အငှားနဲ့ ထွက်ခွာသွားခဲ့တဲ့ မာကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ကို ရောင်းချဖို့ မျှော်လင့်နေပြီး ဂါနာချိုကိုလည်း ရောင်းချဖို့ စာရင်းတင်ထားပါတယ်။ ချဲလ်ဆီးနဲ့ နာပိုလီတို့လို အသင်းတွေက ဂါနာချိုကို စိတ်ဝင်စားနေတာကို ထောက်ရှုပြီး Daily Star ရဲ့ အဆိုအရ ယူနိုက်တက်ဟာ အာဂျင်တီးနားသားအတွက် ‘အနည်းဆုံး ပေါင် ၆၅ သန်း’ လိုချင်နေပါတယ်။

နိုဝင်ဘာလမှာ အိုးလ်ထရက်ဖို့ဒ်ရဲ့ နည်းပြရာထူးကို အဲရစ် တန်ဟက်နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ အမ်မိုရင်ရဲ့ လက်အောက်မှာ စိတ်ပျက်စရာကောင်းတဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့ရပြီးနောက် ဂါနာချိုကိုယ်တိုင်လည်း နွေရာသီမှာ ပြောင်းရွှေ့ဖို့ မျက်စိကျနေတယ်လို့ ဆိုပါတယ်။

စပို့တင်း လစ္စဘွန်းအသင်းရဲ့ နည်းပြဟောင်းက ဂါနာချိုကို မကြာခဏ အရန်ခုံမှာ ထားလေ့ရှိပြီး ယူနိုက်တက်ဟာ ပေါင် ၆၂.၅ သန်းနဲ့ မာတီယပ်စ် ကွန်ဟာကို ခေါ်ယူနိုင်ခဲ့ရင် သူ့ရဲ့ ကစားချိန်က ပိုလျှော့သွားနိုင်ပါတယ်။ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့လည်း ဝုဗ်က ကွန်ဟာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ယူနိုက်တက်ဟာ အပြောင်းအရွှေ့ပြိုင်ဆိုင်မှုမှာ ဦးဆောင်နေတယ်လို့ ယုံကြည်ရပါတယ်။

ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန်က ဂါနာချို အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာသွားတာကို မလိုလားဘဲ သူ့ကို ရောင်းချတာဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ "ပြေးဖို့ နေရာရှိတဲ့အခါ အယ်လီဟန်ဒရို ဂါနာချိုဟာ တကယ့်ကို အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်ပါတယ်" 

"ဟုတ်ပါတယ်၊ သူ အဆုံးသတ်ပိုင်းကို လုပ်ဆောင်ဖို့ လိုအပ်ပေမယ့် သူဟာ ငယ်ရွယ်ပြီး တိုးတက်နေတဲ့ ကစားသမားဖြစ်တာကြောင့် အဲဒါ ဖြစ်လာမှာပါ။ သူ့ကို အသင်းဆက်ထားပါ။ ယူနိုက်တက်က သူ့ကို ဆက်ထားသင့်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လို့ ဖာဒီနန်က TNT Sports ကို ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အာဆင်နယ်နဲ့ မန်စီးတီး နောက်ခံလူဟောင်း ဘာကာရီ ဆက်ဂ်ညာက ဂါနာချိုအတွက် အသင်းသစ် ရှာဖွေဖို့ ‘မှန်ကန်တဲ့ အချိန်’ ဖြစ်တယ်လို့ ယူဆနေပါတယ်။ "အယ်လီဟန်ဒရို ဂါနာချိုက ပြောင်းရွှေ့ဖို့ မှန်ကန်တဲ့ အချိန်ရောက်ပြီလို့ ကျွန်တော် ထင်ပါတယ်" လို့ သူက မကြာသေးခင်က ပြောကြားခဲ့ပါတယ်။

"သူက အစပိုင်းမှာ ကောင်းကောင်း ကစားခဲ့ပေမယ့် ပိုပြီးတော့ စဉ်ဆက်မပြတ် ကစားဖို့ လိုအပ်တဲ့ အဆင့်ကို ရောက်နေပါပြီ" "ယူနိုက်တက်မှာ ရှိနေတာ မသင့်တော်ဘူးလို့ ထင်ပါတယ်။ ခံစစ်က အသက်ကြီးလာနေပြီ ဒါကြောင့် လူငယ်နဲ့ လတ်ဆတ်တဲ့ ကစားသမားတွေကို ပိုခေါ်ယူသင့်တယ်။" လို့ ဆက်ဂ်ညာက ပြောပါတယ်။

တနင်္ဂနွေနေ့က ဘရန့်ဖို့ဒ်ကို ၄-၃ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဂါနာချိုက တစ်ဂိုးသွင်းယူပြီး တစ်ဂိုး ဖန်တီးပေးခဲ့တာကြောင့် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ဒီရာသီ ၁၆ ကြိမ်မြောက် လိဂ်ရှုံးပွဲကြောင့် သူတို့ဟာ ပရီးမီးယားလိဂ် သုံးပွဲသာ ကျန်တော့ချိန်မှာ အဆင့် ၁၅ မှာ ရပ်တည်နေပါတယ်။ သို့သော်လည်း အမ်မိုရင်ရဲ့အသင်းဟာ ယူရိုပါလိဂ်ကို အနိုင်ရရှိပြီး လာမယ့်ရာသီရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိခြင်းဖြင့် စိတ်ပျက်စရာကောင်းတဲ့ ရာသီကို အကောင်းဆုံးနဲ့ အဆုံးသတ်နိုင်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်က ဆီမီးဖိုင်နယ်ပထမအကျော့မှာ အက်သလက်တီ ဘီလ်ဘာအိုကို ၃-၀ ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီး ဒုတိယအကျော့ပွဲကို ကြာသပတေးနေ့ညမှာ အိုးလ်ထရက်ဖို့ဒ်မှာ ကစားမှာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ပြီးနောက် အမ်မိုရင်က "ပွဲရှုံးတာ စိတ်ဖိစီးစရာကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေချိန်မှာ စိတ်ဖိစီးစရာ မဟုတ်ပါဘူး"

"ဒီအခြေအနေမှာတောင် ကျွန်တော်တို့ ပိုကောင်းကောင်း ကစားနေပြီး ကျွန်တော်တို့ ကစားတဲ့ပုံစံကို နားလည်နေတယ်ဆိုတာကို ကျွန်တော် သံသယမရှိပါဘူး" "ဒါကြောင့် ဒီအချိန်မှာ ရိုက်ခတ်မှုတွေ အားလုံးကို ခံယူရပါမယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ ပွဲတွေ ရှုံးနေပေမယ့် ယူရိုပါလိဂ်အတွက် တိုက်ပွဲဝင်နေတာကြောင့် အဲဒါကို လက်ခံပြီး အခု ကြာသပတေးနေ့အကြောင်း စဉ်းစားရပါမယ်၊ အဲဒါက ကျွန်တော်တို့အတွက် အရေးကြီးဆုံးပွဲပါ" လို့ ပြောပါတယ်။