The network connection is lost.

Banner Image

အမွှာညီမကလပ်ဆီကနေ တိုက်စစ်မှူး ခေါ်ယူမယ့် ချဲလ်ဆီး

သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ အမွှာညီမကလပ်ဖြစ်တဲ့ စထရာဘော့ဂျ်တိုက်စစ်မှူး အီမန်နျူရယ်အီမီဟာကို ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ ချဲလ်ဆီးဘက်က စတင်လုပ်ဆောင်နေပေမယ့်လည်း အပြောင်းအရွှေ့က အပြီးသတ်သဘောတူညီမှုမရသေးတာဖြစ်ပါတယ်။ လာမယ့် ၂၀၂၆ မှာ အီမီဟာကို စထရာဘော့ဂျ်ထံကနေ ခေါ်ယူမယ်လို့ ချဲလ်ဆီးဘက်က အတည်ပြုခဲ့ပြီး ၇ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။

စထရာဘော့ဂျ်ဘက်ကတော့ သူတို့အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမတိုင်ခင်အထိ အသင်းမှာဆက်ရှိနေမယ်လို့ အတည်ပြုထားပါတယ်။ အီမီဟာကတော့ ပြီးခဲ့တဲ့ရာသီတုန်းက စထရာဘော့ဂျ်အသင်းမှာနေရာရလာခဲ့တာဖြစ်ပြီး ဒီရာသီမှာ အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ အသက် ၂၂ နှစ်သားဟာ ဒီရာသီ ၃ ဂိုးအပါအဝင် အသင်းအတွက် ၆၄ ပွဲမှာ ၂၆ ဂိုးသွင်း ၊ ၅ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ အပြောင်းအရွှေ့အတွက် အတည်ပြုမှုတွေရှိနေပေမယ့်လည်း အီမီဟာကတော့ သူ့အနေနဲ့ ဒီရာသီအသင်းအတွက်အပြည့်အဝအာရုံစိုက်ထားမယ်လို့ ပရိသတ်တွေထံ ကတိပေးခဲ့ပါတယ်။

“စထရာဘော့ဂျ်က ကျွန်တော်အခုလိုအဆင့်အတန်းမျိုးရောက်အောင် အခွင့်အရေးပေးခဲ့ပါတယ်။ ကျွန်တော့်တိုးတက်မှုက မပြီးသေးပါဘူး။ ကျွန်တော် အသင်းအတွက်ကော ပရိသတ်တွေအတွက်ပါ ပြန်လည်ပေးဆပ်ချင်ပါတယ်။  ကျွန်တော် အခုရာသီမကုန်ခင်အထိ အသင်းအတွက် ၁၀၀% အပြည့်အဝအာရုံစိုက်ထားပါတယ်။ အဲ့နောက် ကျွန်တော်ထွက်ခွာမှာပါ။ အသင်း နဲ့ ကျွန်တော့်အတွက် သတင်းအမှားတွေနှောက်ယှက်မှာကို မလိုချင်ပါဘူး။

ဒါကြောင့် အဲ့တာက ကျွန်တော့်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်လို့ ထင်ပါတယ်။ လူတိုင်းက ကျွန်တော့်ကိုယ်ရည်ကိုယ်သွေးကိုသိပါတယ်။ ကျွန်တော့်အပြုအမူ နဲ့ အလုပ်အပေါ်ထားတဲ့စိတ်ကိုပြောင်းလဲပြီးထွက်ခွာမှာမဟုတ်ဘူးဆိုတာ လူတွေသိပါတယ်။ ကျွန်တော် ရာသီမကုန်ခင်အထိ အသင်းအတွက် အကောင်းဆုံးလုပ်ဆောင်ပေးသွားမှာပါ။ ချန်ပီယံလိဂ်ကစားချင်တာကြောင့် ကျွန်တော့်မှာ အခြားဥရောပထိပ်တန်းအသင်းတွေဆီသွားချင်ပါတယ်။

ကျွန်တော် ချဲလ်ဆီးနဲ့ကော စထရာဘော့ဂျ်နဲ့ပါ စကားပြောဖြစ်ပါတယ်။ ကျွန်တော်တို့ ဆွေးနွေးမှုပြုလုပ်ခဲ့သလို အကောင်းဆုံးအတူတူ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ စထရာဘော့ဂျ်မှာ တစ်နှစ်ဆက်နေဖို့ပါ။ အသင်းနဲ့အတူ သမိုင်းတစ်ခုရေးထိုးချင်နေပါတယ်။ အဲ့နောက် ချဲလ်ဆီးသွားမှာပါ။ ကျွန်တော် စထရာဘော့ဂျ်မှာနေရတာကို ချစ်ပါတယ်။ အသင်းဘက်က ကျွန်တော့်ကိုဆက်ဆံတာနဲ့ပတ်သက်ပြီး ပျော်ပါတယ်။

ကစားသမားတစ်ဦးအနေနဲ့ကော လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ပါ အရေးအကြီးဆုံးအရာက လေးစားဖို့ နဲ့ ချစ်မြတ်နိုးဖို့ပါ။ ကျွန်တော်အခုအသင်းအတွက် အရာအားလုံးပေးဆပ်ကစားဖို့အသင့်ပါ။ ဥရောပရဲ့ထိပ်တန်းပွဲတွေကို ကစားချင်ပါတယ်။ ကျွန်တော်တို့ကွန်းဖရန့်လိဂ်မှာကစားချင်တာမျိုးပဲ မလိုချင်ပါဘူး။ ကျွန်တော်တို့ အသင်းတစ်သင်းအနေနဲ့ အောင်မြင်ချင်ပါတယ်”လို့ အီမီဟာက ပြောကြားခဲ့ပါတယ်။ အီမီဟာကတော့ မာရက်စ်ကာလက်အောက်မှာ နေရာရလာဖွယ်ရှိနေပြီး အခြားတိုက်စစ်မှူးတွေနဲ့ အားပြိုင်ရဖို့များနေပါတယ်။