သူတို့ရောင်းချလိုသော ကစားသမားဟာ ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်လာလိမ့်မယ်လို့ သတိပေးခံထားရတဲ့ ချဲလ်ဆီး
တော့ဘိုလီဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် စတန်းဖို့ဒ်ဘရစ်ချ်ကို အားကောင်းလာစေရန် ရည်ရွယ်ချက်ရှိကြောင်း ပြောကြားခဲ့ပြီးဖြစ်သော်လည်း ဒရူးစ်ဘယ်ရီဟော၊ တိုဆင်အက်ဒီယာဘိုရိုနှင့် အိုမာရီကယ်လီမန်တို့ကို ရောင်းချဖို့အတွက် လုပ်ဆောင်လျက်ရှိပါတယ်။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက မက်ဆန်၊ လူးဝစ်ဟော၊ အိုမာရီဟက်ချင်ဆန်နှင့် ဇီးယက်ချ် တို့ကို ရောင်းချထားပြီး လူကာကူ၊ ကီပါ၊ ဂယ်လာဂါနှင့် ချာလိုဘက်ချ်တို့အတွက် ကမ်းလှမ်းမှုများကို လမ်းဖွင့်ထားပါတယ်။ ချဲလ်ဆီးဟာ အာမန်ဒိုဘရိုဂျာကို ရောင်းချနိုင်ရန် မျှော်လင့်နေသော်လည်း အယ်လ်ဘေးနီးယားဘောလုံးအဖွဲ့ဥက္ကဋ္ဌက သူဟာ လာမယ့်ရာသီအနည်းငယ်အတွင်း ဥရောပထိပ်တန်းတိုက်စစ်မှူးများထဲမှ တစ်ဦးဖြစ်လာဖို့ ထောက်ခံထားတာကြောင့် အမှားတစ်ခုဖြစ်နိုင်တယ်လို့လို့ ယုံကြည်နေပါတယ်။
ဘရိုဂျာဟာ ၂၀၂၁-၂၂ ရာသီတွင် ဆောက်သမ်တန်သို့ အငှားသွားရောက်ကစားပြီးနောက် စတန်းဖို့ဒ်ဘရစ်ချ်တွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ရန် မျှော်လင့်ထားပါတယ်။ ဒါပေမယ့် အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ခြေစွမ်းပိုင်းနဲ့ ကြံ့ခိုင်မှုပိုင်းမှာ ရုန်းကန်နေရပြီး နောက်ဆုံးနှစ်ရာသီမှာ ၃ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
အဆိုပါအချက်တွေကြောင့် ချဲလ်ဆီးအတွက် ဘရိုဂျာကို ရောင်းချရန်ဖြစ်ခဲ့ပြီး ယူရို ၂၀၂၄ တွင် အယ်လ်ဘေးနီးယားလက်ရွေးစင်အတွက် ကစားပေးခဲ့တဲ့ သူ့အတွက် ပေါင် ၃၅ သန်းခန့် သတ်မှတ်ထားပါတယ်။ ဘရိုဂျာရဲ့ လတ်တလော ရုန်းကန်မှုများဟာ အဓိကအားဖြင့် ဒဏ်ရာများကြောင့်ဖြစ်သော်လည်း တိုက်စစ်မှူးဟာ ဥရောပတွင် ထိပ်တန်းကစားသမားဖြစ်လာနိုင်တယ်လို့ အယ်လ်ဘေးနီးယားဘောလုံးအဖွဲ့ချုပ်အကြီးအကဲ အာမက်ဒူကာက ပြောကြားခဲ့ပါတယ်။
"အာမန်ဒိုဟာ အယ်လ်ဘေးနီးယားသားတွေရဲ့ ဘောလုံးသမိုင်းတစ်လျှောက်မှာ အကြီးကျယ်ဆုံး ပါရမီရှင်တွေထဲက တစ်ယောက်ပါ" "ကျွန်တော်က မီလန်ပရိသတ်တစ်ယောက်ဖြစ်ပြီး ဘရိုဂျာက အဲ့ဒီကိုရောက်လာရင် နှစ်ဆပျော်ရပါလိမ့်မယ်။ နွေရာသီဈေးကွက်မှာ မီလန်အတွက် အကောင်းဆုံးနဲ့ အပြင်းထန်ဆုံး အပြောင်းအရွှေ့ဖြစ်လာမှာ သေချာပါတယ်"
"ဒီကောင်လေးမှာ မယုံနိုင်လောက်စရာ အရည်အချင်းတွေရှိပြီး သူ့ရဲ့အကောင်းဆုံးကို မပြသေးဘူးလို့ ထင်ပါတယ်။ သူက ကလပ်အဆင့်မှာ ကစားဖို့လိုအပ်ပြီး စီးရီးအေနဲ့ မီလန်က သူ့အတွက် ဥရောပဘောလုံးလောကရဲ့ ထိပ်တန်းကိုတက်ဖို့ အခွင့်အရေးကောင်းတစ်ခုလို့ ကျွန်တော်ထင်ပါတယ်" "သူက ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်လာမှာပါ။ သူဟာ အီတလီဘောလုံးလောကရဲ့ အတွေ့အကြုံကို ရယူရန်ကြိုးစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်ပြီး ဖြစ်လာခဲ့ရင် အောင်မြင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လို့ Sportitalia သို့ အာမက်ဒူကာက ပြောကြားခဲ့ပါတယ်။
ယခုနွေရာသီတွင် စတန်းဖို့ဒ်ဘရစ်ချ်မှ ထွက်ခွာရန် ကမ်းလှမ်းမှုများစွာ ရရှိထားကြောင်း ယခုရက်သတ္တပတ်အစောပိုင်းက ဘရိုဂျာက အတည်ပြုခဲ့ပါတယ်။ "အမှန်ပါပဲ ကျွန်တော့်မှာ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါနဲ့ ပရီးမီးယားလိဂ်က ကမ်းလှမ်းမှုတွေ ရှိပါတယ်။ ချဲလ်ဆီးမှာ ဆက်နေမှာလားဆိုတော့ ကျွန်တော့်မှာ ရွေးချယ်မှုတွေရှိသလို စာချုပ်သက်တမ်းလည်း ရှိပါသေးတယ်" လို့ ဘရိုဂျာက ပြောပါတယ်။