အခြေအနေတစ်ခုကြောင့် အက်စတွန်ဗီလာတိုက်စစ်မှူး ဂျဟွန်ဒူရန်ခေါ်ယူနိုင်မယ့် ချဲလ်ဆီး
ကိုလံဘီယာလက်ရွေးစင် ဒူရန်ဟာ ဗီလာပါ့ခ်တွင် တစ်ရာသီသာ ကစားပြီးနောက် စတန်းဖို့ဒ်ဘရစ်ချ်သို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေပြီး အူနိုင်းအမ်မရီရဲ့အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ခရစ်စတိုဖာ အန်ကွန်ကူနှင့် နီကိုလက်စ်ဂျက်ဆင်တို့နှင့် ပြိုင်ဆိုင်မှုရှိစေရန်အတွက် ယခုနွေရာသီတွင် တိုက်စစ်မှူးသစ်တစ်ဦးကို ခေါ်ယူရန် စိတ်အားထက်သန်လျက်ရှိပါတယ်။ အနာဂတ်အတွက် ဘွန်ဒက်လီဂါကလပ်နှင့် စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ အာဆင်နယ်အသင်းကလည်း အလိုရှိနေတဲ့ ဆက်ကိုကို နည်းပြသစ် အင်ဇိုမာရက်စ်ကာအနေနဲ့ လွဲချော်ခဲ့ပြီလည်းဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းသည် ဒူရန် ကိုခေါ်ယူရန် ကြိုးပမ်းနေသော်လည်း သမားရိုးကျ ငွေပေးချေမှုတစ်ခုဖြင့် ဗီလာကနေ အသက် ၂၀ အရွယ် ကစားသမားကို ရယူနိုင်မှာမဟုတ်ပါဘူး။ ချဲလ်ဆီးဟာ အလားအလာရှိအပြောင်းအရွှေ့အတွက် အနည်းဆုံးကစားသမားတစ်ဦးဖြင့်ထည့်သွင်း ကမ်းလှမ်းရန် စောင့်ဆိုင်းနေသော်လည်း ဂယ်လာဂါ ပါ၀င်တဲ့ သဘောတူညီချက်က ဒူရန်ရဲ့ အပြောင်းအရွှေ့နှင့် သီးခြားဖြစ်လိမ့်မယ်လို့ ဖာဘရီဇီယိုရိုမီနိုက ဖော်ပြထားပါတယ်။
အင်္ဂလန်လက်ရွေးစင်ကစားသမားကို ချဲလ်ဆီးက ရောင်းထုတ်မည်ဆိုပါက အမြတ်အစွန်းကို ကိုယ်စားပြုမယ့် ကစားသမားတစ်ဦးကို ခေါ်ယူရန် ကလပ်အသင်းများစွာက စိတ်ဝင်စားနေပါတယ်။ တော့တင်ဟမ်ဟာ အသက် ၂၄ နှစ်အရွယ်ကစားသမားကို ပြီးခဲ့တဲ့ ၁၂ လကျော်ကြာကတည်းက စိတ်ဝင်စားနေတာဖြစ်ပြီး တနင်္ဂနွေနေ့က ဆားဘီးယားနဲ့ ကစားမယ့် ယူရို ၂၀၂၄ အဖွင့်ပွဲစဉ်မတိုင်ခင် သူ့ရဲ့အနာဂတ်ကို ပြောဆိုဆွေးနွေးဖို့ ကစားသမားက စိတ်၀င်စာခြင်းမရှိနေတာဖြစ်ပါတယ်။
နောက်ရာသီ ချဲလ်ဆီးမှာ တွေ့နိုင်မလားလို့ မေးတော့ ဂယ်လာဂါက "ကျွန်တော်က ချဲလ်ဆီး ကစားသမား တစ်ယောက်ပါ။ ကျွန်တော် ပြောထားသလိုပဲ အခု အင်္ဂလန်ရဲ့ ပြိုင်ပွဲအကြောင်းပဲ စဉ်းစားနေပါတယ်" လို့ ဖြေပါတယ်။ ဂယ်လာဂါကလည်း ဒီရာသီ ချဲလ်ဆီးအသင်းမှာ သူ့ကို တိုးတက်အောင် ကူညီပေးခဲ့တဲ့ နည်းပြပိုချက်တီနိုကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ "ပြောထားသလိုပါပဲ ကျွန်တော်က အင်္ဂလန်အတွက်ကိုသာ အာရုံစိုက်ထားပြီး အခုချိန်က အရေးကြီးဆုံးပါပဲ၊ ကျွန်တော့်အတွက် နိုင်ငံအတွက် အခုပြိုင်ပွဲကို စတင်ချင်ပါတယ်" လို့ ကွင်းလယ်ကစားသမားက ပြောကြားလိုက်ပါတယ်။
ဗီလာဟာ ပထမဆုံးချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့အသင်းထံသို့ ကစားသမားသစ်ဖြည့်တင်းဖို့အတွက် ယခုနှစ်နွေရာသီဈေးကွက်တွင် တီထွင်ဖန်တီးနိုင်စွမ်းရှိရန် လိုအပ်မှာဖြစ်ပါတယ်။ ကလပ်ပူးတွဲပိုင်ရှင်ရဲ့ဘီလီယံနာသူဌေး ဆော်ဝီရစ်က 'ယှဉ်ပြိုင်မှုဆန့်ကျင်ရေး' အသုံးစရိတ်စည်းမျဉ်းများကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ဒါတွေက သူ့ရဲ့ကလပ်ကိုတိုးတက်ဖို့ အတားအဆီးတွေဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
ဆော်ဝီရစ်က "အချို့စည်းမျဉ်းတွေက အားကစားရဲ့ ရွေ့လျားနိုင်မှုနဲ့ ပေါ့ပါးသွက်လက်မှုကို ဖန်တီးတာထက် ရပ်တန့်နေတဲ့ အနေအထားတစ်ခုကို ဖြစ်စေပါတယ်။ စည်းမျဥ်းတွေက အဓိပ္ပါယ်မရှိသလို ဘောလုံးအတွက်လည်း မကောင်းပါဘူး" "အားကစားအဖွဲ့ကို စီမံခန့်ခွဲခြင်းက အဖွဲ့ရဲ့လိုအပ်သည်များကို ကြည့်ခြင်းထက် ငွေကြေးကိုထိန်းသိမ်းသူ သို့မဟုတ် ပဲကောင်တာဖြစ်ခြင်းကဲ့သို့သာ ဖြစ်လာနိုင်ပါတယ်" "ဒါဟာ အစစ်အမှန်အမြတ်တွေမဟုတ်ဘဲ စက္ကူသာသာအမြတ်အစွန်းတွေ ဖန်တီးခြင်းနဲ့ပတ်သက်နေပါတယ်။ ဒါဟာ အားကစားပွဲမဟုတ်ဘဲ ငွေကြေးဆိုင်ရာဂိမ်းတစ်ခု ဖြစ်လာပါတယ်။ PSR စည်းမျဉ်းတွေက အမှင်သားဖြစ်နေပါတယ်"လို့ ထပ်လောင်းပြောကြားလိုက်ပါတယ်။