The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပြီးနောက် အင်းနရစ်ကို ဂုဏ်ပြု လိုက်တဲ့ ဒူအေး

အင်တာမီလန်ကို ချန်ပီယံလိဂ်ဖိုင်နယ်မှာ ၅ ဂိုးပြတ်အနိုင်ယူနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီစတား ဒူအေးက ပြောစရာစကားလုံးမရှိဖြစ်ခဲ့သလို နည်းပြ အင်းနရစ်ကိုလည်း ဂုဏ်ပြုလိုက်ပါတယ်။ ဒူအေးဟာ အဆိုပါဖိုင်နယ်ပွဲမှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပြီး ၂ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၁၉ နှစ်သားဟာ အဆိုပါပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲအပြီးအင်တာဗျူးမှာ ပြောစရာစကားလုံးပျောက်ရှခဲ့သလို နည်းပြ အင်းနရစ်ကို ဂုဏ်ပြုခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပြီးနောက် အင်းနရစ်ဟာ သမိုင်းတစ်လျှောက် ဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့တဲ့ ဂွါဒီယိုလာပြီးနောက် ဒုတိယမြောက်နည်းပြဖြစ်လာခဲ့ပါတယ်။ ဒူအေးက အင်းနရစ်ဟာ နည်းပြကောင်းတစ်ဦးအပြင် လူသားပီသတဲ့လူသားတစ်ဦးလို့ ချီးကျူးခဲ့ပါတယ်။ “ကျွန်တော် ပြောစရာစကားလုံးရှာမရခဲ့ပါဘူး။ အဲ့တာက ကျွန်တော့်အရမ်းကိုကြီးမားပါတယ်။ ကျွန်တော်စကားလုံးမရှိပါဘူး။ ဆောရီးပါ။ အင်းနရစ်က ၂ နှစ်ရှိနေပါပြီ။

နည်းစနစ်ပိုင်းအရကော စိတ်ပိုင်းဆိုင်ရာအရပါ တကယ်ကောင်းတဲ့နည်းပြဖြစ်သလို လူသားတစ်ယောက်အနေနဲ့လည်း မယုံကြည်နိုင်စရာကောင်းတဲ့သူပါ။ သူနဲ့အလုပ်အတူတူတွဲလုပ်ရတာ ကျေနပ်စရာပါ။ အောင်ပွဲခံမှုကလည်း ရူးချင်စရာကောင်းလွန်းပါတယ်”လို့ ဒူအေးက ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ယူအီးအက်ဖ်အေစူပါဖလားပွဲအဖြစ် လာမယ့်သြဂုတ်လ ၁၃ ရက်နေ့မှာ တော့တင်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။