ကာရာဘောင်ဖလားစတုတ္ထအဆင့် မဲခွဲမှုရလဒ်များအရ အာဆင်နယ်က ယူရိုပါကွန်ဖရန့်လိဂ်ချန်ပီယံ ဝက်စ်ဟမ်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရဖို့ ရှိလာသလို ပြီးခဲ့တဲ့ရာသီဗိုလ်လုပွဲပြိုင်ဘက်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်တို့လည်း အခုနှစ်ပြိုင်ပွဲမှာ ထပ်မံဆုံတွေ့ခဲ့ပါတယ်။
ဒါက ဘရန့်ဖို့ဒ်ကို အနိုင်ယူပြီး စတုတ္ထအဆင့်ဆီ တက်ရောက်လာတဲ့ ဂန်းနားတွေအတွက် နောက်ထပ် လန်ဒန်ဒါဘီပွဲစဉ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ ဝက်စ်ဟမ်းကတော့ တတိယအဆင့်မှာ လင်ကွန်းစီးတီးကို အနိုင်ယူခဲ့တာပါ။ မန်ချက်စတာစီးတီးကို အနိုင်ယူခဲ့တဲ့ နယူးကာဆယ်အတွက် ဆုလက်ဆောင်ကတော့ အိုးထရက်ဖို့ဒ်ခရီးစဉ်ပဲ ဖြစ်ပါတယ်။
ဘရိုက်တန်ကို ကျော်ဖြတ်ပြီး အခုအဆင့်ဆီတက်ရောက်လာတဲ့ ချဲလ်ဆီးက အိမ်ကွင်းမှာ ဘလက်ဘန်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ သက်သာရာရခဲ့ပါတယ်။ အဲဗာတန်ကလည်း အက်စတွန်ဗီလာကို အနိုင်ယူကာ နှစ်ပွဲဆက်နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် မာဆေးဆိုဒ်ဒေသခံကလပ်ဟာ အိမ်ကွင်းဂွတ်ဒီဆင်ပါ့ခ်မှာ ဘန်လေနဲ့ ရင်ဆိုင်သွားရပါမယ်။
ဗိုလ်စွဲဖို့ရေပန်းစားမှုမှာ အနိမ့်ဆုံးအသင်းအဖြစ်သတ်မှတ်ခံထားရတဲ့ မန်းစ်ဖီးလ်တောင်းက ကွာတားဖိုင်နယ်တစ်နေရာ အတွက် ပို့စ်ဗေးလ်နဲ့ ယှဉ်ပြိုင်ကစားရသွားပါမယ်။ ဒီပွဲစဉ်ကို အောက်တိုဘာ ၃၁ ရက်မှ စတင်ကာ ယှဉ်ပြိုင်ကစားသွားရပါမယ်။
မန်းစ်ဖီးလ်တောင်း vs ပို့စ်ဗေးလ်
မန်ချက်စတာယူနိုက်တက် vs နယူးကာဆယ်