The network connection is lost.

Banner Image

ပေါင် ၇၁ သန်းဆိုတဲ့တန်ကြေးနဲ့ ယူနိုက်တက်စတား ထိုက်တန်ကြောင်း ဆရာဟောင်းဖြစ်သူ ထောက်ခံ

ယူနိုက်တက်စတားအသစ် အမ်ဘွီမိုတစ်ယောက် ပေါင် ၇၁ သန်းဆိုတဲ့တန်ကြေးနဲ့ ထိုက်တန်တယ်လို့ ဆရာဟောင်းဖြစ်သူ သောမက်စ်ဖရန့်ခ်က ထောက်ခံလိုက်ပါတယ်။

ရက်သတ္တပတ်ပေါင်းများစွာဆွေးနွေးခဲ့ပြီးနောက် ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်စတား အမ်ဘွီမိုကို ပေါင် ၇၁ သန်းနဲ့ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်ဟာ အမ်ဘွီမိုအတွက် ကနဦးပေါင် ၆၅ သန်း ပေးချေရမှာဖြစ်ပြီး အပိုဆုကြေးအဖြစ် ပေါင် ၆ သန်းပေးချေရမှာဖြစ်ပါတယ်။
အမ်ဘွီမိုဟာ သောမက်စ်ဖရန့်ခ်လက်အောက်မှာ ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၂၀ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

သောမက်စ်ဖရန့်ခ်အကူအညီနဲ့ တော့တင်ဟမ်ဟာ အမ်ဘွီမိုကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပေမယ့် ကစားသမားက ယူနိုက်တက်ကိုသာ ရွေးချယ်ခဲ့ပါတယ်။

“ဘရိုင်ယန်က ထိပ်တန်းကစားသမားတစ်ဦးပါ။ ကျွန်တော် သူနဲ့အတူ ၅ နှစ်တာဖြတ်သန်းခဲ့တာပါ။ အခုတန်ကြေးက သူနဲ့ထိုက်တန်ပါတယ်။ ဘယ်အသင်းကိုပဲပြောင်းပြောင်းပါ။
ကစားသမားတစ်ဦးအနေနဲ့ သူအဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။ အပြောင်းအရွှေ့တွေက အလှည့်အပြောင်းတွေများပါတယ်။ ဘာမဆိုဖြစ်နိုင်ပါတယ်။

အခုချိန်မှာတော့ ဆွန်ကအသင်းအတွက်အပြည့်အဝအာရုံစိုက်ပြီး မနက်ဖြန်အတွက် ကစားပေးမယ့်ကစားသမားတစ်ဦးအဖြစ် ရှိနေပါတယ်။ အသင်းမှာကာလရှည်ကစားခဲ့တဲ့ကစားသမားတစ်ဦးဆိုရင် အသင်းဘက်က အမြဲတမ်းဆုံးဖြတ်ချက်ချမှတ်ရပါတယ်။ အသင်းကနေထွက်ခွာချင်တဲ့ကစားသမားရှိလာတယ်ဆိုရင် အဆုံးသတ်မှာ အသင်းဘက်ကပဲ ဆုံးဖြတ်ရမှာပါ။

ပထမဆုံး နဲ့ နောက်ဆုံးပြောရရင် သူဒီမှာရှိနေပါတယ်။ ကျွန်တော် အဲ့အကြောင်း အများကြီးမစိုးရိမ်ပါဘူး။ ၅ ပတ် ၆ ပတ်လောက်ကျန်နေသေးတာကြောင့် လာမယ့်အပတ်တွေမှာ ဘာမဆိုဖြစ်လာနိုင်ပါတယ်။ကျွန်တော့်အဖြေတွေကိုလည်း လေ့ကျင့်သွားမှာပါ။ အခုတော့ သူက ဒီမှာရှိနေဆဲပါ”လို့ ဖရန့်ခ်က ဖြေကြားခဲ့ပါတယ်။