The network connection is lost.

Banner Image

ဖရိုင်းဘတ်ရဲ့နောက်ကျချေပဂိုးကြောင့် ဘွန်ဒက်စ်လီဂါပြေးလမ်းမှာ ခြေချော်သွားပြန်တဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်အသင်းဟာ မနေ့ညက ဖရိုင်းဘတ်ကို အဝေးကွင်းမှာ နှစ်ဂိုးစီသရေသာကစားနိုင်ခဲ့ပြီး အမှတ်လျော့သွားခဲ့ပြန်ပါတယ်။ 

ဖရိုင်းဘတ်က ပွဲချိန် ၁၂မိနစ်မှာတင် ဦးဆောင်ဂိုးရခဲ့ပြီး နောက်ခံလူ ဂန်တာက ကိုက်၂၀အကွာက ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

 

ဒါပေမယ့် ဘိုင်ယန်မြူးနစ်က ပြန်လည်ရုန်းကန်ကစားခဲ့ပြီး မာသီးယက်စ်တယ်လ်ရဲ့ ကန်ချက်၊ မူစီယာလာရဲ့ တစ်ကိုယ်တော်သွင်းဂိုးတို့နဲ့အတူ ပွဲကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဘိုင်ယန်တို့ နိုင်ပွဲရပြီထင်ခဲ့ပေမယ့် ၈၇မိနစ်မှာ ဟိုလာက မြေမကျကန်ချက်နဲ့ ဖရိုင်းဘတ်အတွက် ချေပဂိုးသွင်းယူပေးသွားခဲ့ပါတယ်။

 

ယခုသရေပွဲကြောင့် ဘိုင်ယန်ဟာ တစ်ပွဲလျော့နေတဲ့ လေဗာကူဆင်နဲ့ ၇မှတ်ကွာသွားပြီဖြစ်ပြီး မနက်ဖြန်ညက ကိုလုံးကိုသာ အလွန်ဆိုရဲ့အသင်းက နိုင်သွားခဲ့ရင် ၁၀မှတ်အထိ ကွာဟတော့မှာ ဖြစ်ပါတယ်။

လေဗာကူဆင်သာ ၁၀မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့ရင် ဆယ်စုနှစ်တစ်ခုကြာ ဂျာမန်ဘောလုံးလောကကို စိုးမိုးထားတဲ့ ဘိုင်ယန်မြူးနစ်ရဲ့ စံချိန်လည်း ကျိုးပျက်တော့မှာ ဖြစ်ပါတယ်။

 

ဘိုင်ယန်မြူးနစ်ဟာ ယခုနှစ်ရာသီအတွင်း ရလဒ်ဆိုးတွေနဲ့ ကြုံခဲ့ရပြီးနောက် ရာသီကုန်မှာ နည်းပြတူချယ်နဲ့ လမ်းခွဲမယ်လို့ ကြေညာထားခဲ့ပါတယ်။