The network connection is lost.
ဘာစီလိုနာအသင်းဟာ အာဆင်နယ်နည်းပြ အာတီတာကို ခေါ်ယူဖို့ အဆင်မပြေကြောင်း ဝန်ခံဖို့အသင့်ဖြစ်နေပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့လတုန်းက ဘာစီလိုနာရဲ့လက်ရှိနည်းပြ ဇာဗီတစ်ယောက် ရာသီအကုန်မှာ အသင်းကနေထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပါတယ်။
အဲ့နောက် ဇာဗီနေရာမှာ အစားထိုးမယ့်နည်းပြသစ်ရှာဖွေနေပြီး အာတီတာကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဘာစီလိုနာရဲ့ပစ်မှတ်ထဲမှာ တူချယ်နဲ့ နာဂယ်စမန်းတို့ ပါဝင်နေပြီး အာတီတာကိုခေါ်ယူနိုင်ဖို့တော့ ခက်ခဲဖွယ်ရှိနေပါတယ်။
အာတီတာကို ဘာစီလိုနာက အသည်းအသန်ချိတ်ဆက်နေပေမယ့် စပိန်သားက အာဆင်နယ်အတွက်ပဲ အပြည့်အဝအာရုံစိုက်ထားတယ်လို့ ယူဆရတာဖြစ်ပါတယ်။ အသက် ၄၁ နှစ်သားရဲ့စာချုပ်သက်တမ်းက ၁၈ လ ကျန်နေသေးတာဖြစ်ပြီး အာဆင်နယ်ကနေ ထွက်ခွာဖွယ်မရှိတာဖြစ်ပါတယ်။
ဘာစီလိုနာကိုပြန်ဖို့ ချိတ်ဆက်နေတယ်ဆိုတဲ့သတင်းတွေအပေါ် အာတီတာက “အဲ့တာက လုံးဝသတင်းအမှားတွေပါ။ မနေ့က ခင်ဗျားဘာဖတ်ခဲ့လဲဆိုတာရယ် ဘယ်နေရာကလာလဲဆိုတာရယ် ကျွန်တော်မသိပါဘူး။ အဲ့တာက လုံးဝမမှန်ပါဘူး။ ကျွန်တော် အဲ့အကြောင်းနဲ့ပတ်သက်ပြီး စိတ်ပျက်မိပါတယ်။ ကျွန်တော် အဲ့တာတွေကို မယုံကြည်ပါဘူး။ ဘယ်ကနေလာတဲ့သတင်းတွေလဲဆိုတာ ကျွန်တော်မသိပါဘူး။ ပုဂ္ဂိုလ်ရေးအကြောင်းပြောရတာ အရမ်းကိုဆိုးဝါးပါတယ်။ ကျွန်တော် အခုမှန်ကန်တဲ့နေရာ လူမှန်နေရာမှန်မှာ ရောက်နေတာပါ။ ဒီမှာအဆင်ပြေနေပါတယ်။ ကျွန်တော် အကြိမ်များစွာပြောခဲ့သလို ဒီအသင်းနဲ့အတူ လှပတဲ့ခရီးစဉ်တစ်ခုရင်းနှီးမြုပ်နှံထားတာပါ။ ဒီကစားသမား ၊ ဒီဝန်ထမ်းတွေ ၊ ဒီအသင်းကလူတွေနဲ့ အလုပ်အများကြီးလုပ်ဖို့ ကျန်နေပါသေးတယ်။ ပုဂ္ဂိုလ်ရေးအကြောင်းတွေ ပြင်ပကိုထုတ်ပြောချိန်မှာ ကျွန်တော်အရမ်းသတိထားရပါတယ်။ တစ်စုံတစ်ယောက်က ကျွန်တော်ပဲ ကြေညာချက်ထုတ်ပြန်ခဲ့သလို လုပ်တတ်ပါတယ်။ အဲ့တာက စိတ်ပျက်စရာပါ။ ဒီပတ်ဝန်းကျင်အကြောင်း ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ဒုတိယတစ်ခုက ဒီသတင်းတွေကို ဘယ်သူမှကြားဖို့မထိုက်တန်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ဒီမှာ ဘယ်လောက်ပျော်နေလဲ ဘယ်လောက်စီးမျောနေလဲဆိုတာ မြင်နိုင်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
သတင်းတွေအရ အာဆင်နယ်ဟာ အာတီတာကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ လုပ်ဆောင်နေပြီး ဘာစီလိုနာအနေနဲ့ အခြားပစ်မှတ်နည်းပြတစ်ဦးကိုသာ ခေါ်ယူရဖွယ်ရှိနေပါတယ်။