The network connection is lost.

Banner Image

ပေါ်တိုနဲ့ ပွဲစဉ်မှာ အာဆင်နယ်က လုံလောက်တဲ့ခြေစွမ်းမျိုးမပြနိုင်ခဲ့ဘူးလို့ အာတီတာဆို

မီကယ်အာတီတာက မနေ့ည ပေါ်တိုနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ခြေစွမ်းက လုံလောက်တဲ့ကောင်းမွန်မှုမရှိခဲ့ဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။
 
အာဆင်နယ်အသင်းဟာ ပေါ်တူဂီမြေမှာ ပေါ်တိုကို သရေကစားနိုင်ပြီလို့ ထင်မှတ်ခဲ့ပေမယ့် ဂါလီနိုရဲ့မထင်မှတ်ထားတဲ့ သွင်းဂိုးကြောင့် ရှုံးနိမ့်ခဲ့ရပါတယ်။ ဂန်းနားနည်းပြ အာတီတာကတော့ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ကစားနိုင်ခဲ့ပြီးမှ ရှုံးနိမ့်ခဲ့တဲ့အပေါ် ကျေနပ်ခြင်းမရှိကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။
 
အာတီတာက "ကျွန်တော်တို့ အနိုင်မရနိုင်တော့တဲ့ အချိန်မှာ ဒီထက်ပိုကောင်းတဲ့အရာမျိုး လုပ်ပြနိုင်ခဲ့သင့်ပါတယ်။ ဧရိယာထဲမှာ ကျွန်တော်တို့ရဲ့ ဘောလုံးထိန်းပုံတွေက လုံလောက်တဲ့ ကောင်းမွန်မှုမျိုးမရှိခဲ့ပါဘူး။ ဒီပွဲက ပထမပိုင်းပဲရှိသေးတယ်လို့ ပြောလို့ရပြီး ကွာတားဖိုင်နယ်ကို ရောက်ချင်တယ်ဆိုရင် အမ်းမရိတ်မှာ ပြိုင်ဘက်ကို အနိုင်ယူနိုင်ရပါမယ်။ ကျွန်တော်တို့ ခြိမ်းခြောက်နိုင်ခြင်းမရှိခဲ့သလို ပြိုင်ဘက် ဧရိယာဝန်းကျင်မှာလည်း ပြင်းပြင်းထန်ထန် မကစားနိုင်ခဲ့သလို ခံစစ်ကလည်း ပြိုင်ဘက်ကို အထိနာအောင် မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင် လုပ်နိုင်ပါတယ်။ အခု ကျွန်တော်တို့ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး သူတို့ကစားပုံကိုလည်း သိသွားပြီဖြစ်တာကြောင့် ဘာတွေမျှော်လင့်ထားရမလဲဆိုတာ သိထားပြီးပါပြီ"လို့ ပြောခဲ့ပါတယ်။
 
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် နောက်ဆုံး ၇ကြိမ်မှာ ၁ကြိမ်မှ ကွာတားဖိုင်နယ်ရောက်ခြင်း မရှိခဲ့ပါဘူး။ အာဆင်နယ်အသင်းဟာ လာမယ့်စနေည နယူးကာဆယ်နဲ့ပွဲမှာတော့ ခြေစွမ်းပြကစားနိုင်ဖို့ မျှော်လင့်ထားခဲ့ပါတယ်။