The network connection is lost.

Banner Image

ဘာစီလိုနာစတားကို အံ့အားသင့်ဖွယ်မှတ်ပုံတင်နိုင်ခဲ့ကြောင်း ကြေညာလိုက်တဲ့ လာပေါ်တာ

ဘာစီလိုနာအသင်းဥက္ကဌ လာပေါ်တာက အင်္ဂါနေ့တုန်းက မိမိတို့အသင်းဟာ အိုလ်မို နဲ့ ဗစ်တာတို့ကို မှတ်ပုံတင်နိုင်တော့မှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ ဒါ့အပြင် လာလီဂါ နဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ ဘာစီလိုနာကို မတည်ငြိမ်အောင်လုပ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဘာစီလိုနာဟာ ကနဦးတုန်းက ဘဏ္ဍာရေးအခက်အခဲကြောင့် အိုလ်မို နဲ့ ဗစ်တာတို့ကို မှတ်ပုံတင်နိုင်ဖို့ ခက်ခဲနေခဲ့တာဖြစ်ပါတယ်။ ကနဦးကစားသမားတွေကို မှတ်ပုံတင်ခွင့်ထပ်တိုးခွင့်ပေးဖို့ လျှောက်ထားမှုကလည်း ပယ်ချထားခံခဲ့ရပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ်ကောင်စီရဲ့အာမခံချက်နဲ့အတူ ဘာစီလိုနာဟာ ပြဿနာမပြီးခင် သူတို့ ၂ ဦးကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

သတင်းထောက်တွေကို လာပေါ်တာက ပြောကြားရာမှာ “ကျွန်တော်တို့ ၁ : ၁ စည်းမျည်းပြန်ရလာခဲ့ပါတယ်။ အဲ့တာက ကစားသမားတွေကို သာမန်အတိုင်း မှတ်ပုံတင်နိုင်မှာပါ။ အခုအတည်ပြုနိုင်မှုက ဘာစီလိုနာအတွက် အင်အားတောင့်တင်းစေမှာပါ။ ကျွန်တော်တို့ လာလီဂါ နဲ့ အဖွဲ့ချုပ်ထံကနေ မှတ်ပုံတင်နိုင်ခွင့်ဆုံးဖြတ်ချက်ကို ရမှာမဟုတ်ပါဘူး။

ကျွန်တော်တို့ လက်မလျှော့ခဲ့ပါဘူး။ ဒါပေမယ့် သူတို့အသင်းကို မတည်ငြိမ်အောင် ကြိုးစားခဲ့ပါတယ်။ ကစားသမားတွေကိုကော နည်းပြတွေကိုပါ လုပ်ဆောင်ခဲ့တာပါ။ ကျွန်တော်တို့ ပြန်လည်တုံ့ပြန်နိုင်ခဲ့ပြီး စူပါဖလားပါရယူနိုင်ခဲ့ပါတယ်။ အဲ့တာက တကယ်တန်ဖိုးရှိခဲ့ပါတယ်”လို့ လာပေါ်တာက ပြောကြားခဲ့ပါတယ်။

စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲဖြစ်တဲ့ ဘီလ်ဘာအိုနဲ့ပွဲမှာ အိုလ်မို နဲ့ ဗစ်တာတို့လွဲချော်ခဲ့ပေမယ့် ရီးရဲလ်အသင်းနဲ့ဖိုင်နယ်ပွဲမှာတော့ ၂ ယောက်စလုံးပါဝင်နိုင်ခဲ့ပါတယ်။ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဘာစီလိုနာအသင်းဟာ စပိန်ကိုပါဒယ်ရေးဖလားပွဲအဖြစ် ဘက်တစ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။