The network connection is lost.

Banner Image

ဆန်ချိုအား အံ့အားသင့်ဖွယ် ကမ်းလှမ်းလိုက်တဲ့ ဘာစီလိုနာ

ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ရဲ့အနာဂတ်အတွက် အပြီးသတ်ဆုံးဖြတ်ချက်ချပြီးနောက် ဆန်ချိုအား ဘာစီလိုနာထံရောင်းချဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီက တန်ဟက်နှင့် လူသိရှင်ကြား ပြဿနာတက်ခဲ့ပြီးနောက် ၆ လနီးပါးကြာအောင် ယူနိုက်တက်ပထမအသင်းမှ ထုတ်ပယ်ခံခဲ့ရပါတယ်။ သူဟာ ဒုတိယရာသီဝက်ကို ဒေါ့မွန်မှာ အငှားနဲ့သွားရောက်ကစားခဲ့ပေမယ့် တောင်ပံကစားသမားဟာ အခုတော့ အိုးထရက်ဖို့ဒ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး စာချုပ်သက်တမ်းကလည်း ၂၀၂၆ခုနှစ်အထိ ကျန်ရှိနေပါသေးတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်ဟာ တန်ဟက်နဲ့ လက်တွဲဖို့ ဆုံးဖြတ်ပြီးနောက်မှာ အင်္ဂလန်ကြယ်ပွင့်ကို ရောင်းထုတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ သူ့ကိုတောင်းပန်ခြင်းမရှိခဲ့တဲ့ တိုက်စစ်ကစားသမားနဲ့ ဒတ်ခ်ျလူမျိုးနည်းပြက လက်တွဲမလုပ်ဆောင်လိုနေတာဖြစ်ပါတယ်။ ယခုအခါ SPORT ရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဆန်ချိုကို အပြတ်အသတ်ရောင်းချလိုပြီး ယူရိုသန်း ၆၀ (ပေါင် ၅၀ သန်း၊ ဒေါ်လာ ၆၄ သန်း) တောင်းဆိုထားသော်လည်း ဘာစီလိုနာက အဆိုပါပမာဏကိုပေးဆောင်ရန် ဆန္ဒမရှိနေတဲ့အတွက် နောက်ထပ်အငှားဖြင့်စေလွှတ်ဖို့ စဉ်းစားရမှာဖြစ်ပါတယ်။

ဆန်ချိုရဲ့ အပြောင်းအရွှေ့ဖြစ်နိုင်ချေအတွက် ဘာစီလိုနာအသင်းနဲ့ ၂ လအကြာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ကတ္တလန်ကလပ်ကတော့ သူတို့ရဲ့တန်ဖိုးဖြတ်တောက်မှုအပေါ် ပယ်ချခဲ့ပါတယ်။ ဒေါ့မွန်နဲ့ ဂျူဗင်တပ်စ်တို့ကလည်း ခေါ်ယူလိုနေကြပြီး ဒီနွေရာသီမှာ ယူနိုက်တက်ကနေ အပြီးသတ်ပြောင်းရွှေ့ဖို့ရှိနေတဲ့ ဆန်ချိုကို စိတ်ဝင်စားနေကြပါတယ်။

ဇာဗီရဲ့လက်အောက် ဆိုးရွားတဲ့ရာသီတစ်ခုအပြီးတွင် နည်းပြသစ် ဟန်ဆီဖလစ်ဟာ ယခုအခါတွင် ဘုတ်အဖွဲ့နှင့်အတူ အသင်းအတွက် တောင်ပံကစားသမားတစ်ဦးကို ခေါ်ယူခြင်းဖြင့် တိုက်စစ်ပိုင်းကို အားကောင်းစေရန် စီစဉ်လျက်ရှိပါတယ်။ လူးဝစ်ဇ်ဒီယက်စ် သို့မဟုတ် နီကိုဝီလီယံ တို့ကို ခေါ်ယူရန် ချိတ်ဆက်မှုများ ရှိနေသော်လည်း အဆိုပါ ကစားသမားများထဲမှ တစ်ဦးကို ခေါ်ယူရန်အတွက် ရာဖင်ဟာကို ဦးစွာ ရောင်းချရမှာဖြစ်ပါတယ်။

ဆန်ချိုရဲ့ကို အငှားဖြင့် ခေါ်ယူနိုင်ပါက အသက် ၂၄ နှစ်အရွယ် ကစားသမားအတွက် နည်းပြက ခေါ်ယူဖို့ စဉ်းစားသွားမှာဖြစ်ပါတယ်။