
The network connection is lost.

ချန်ပီယံလိဂ်ဖလားအပါအဝင် အဓိက ဆုဖလား ၃လုံးကို ဆွတ်ခူးနိုင်ခဲ့တဲ့ အပြင် ၃ကြိမ်ဆက် ပရီးမီးယားလိဂ်ဖလားချန်ပီယံဆု ဆွတ်ခူးပြီး မှတ်တမ်းကောင်း ရေးထိုးနိုင်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမား ဂမ်ဒိုဂန်ကို ခေါ်ယူထားတဲ့ ဘာစီလိုနာအသင်းက အငှားခေါ်ထားတဲ့ ကန်ဆယ်လိုကိုပါ လျှော့ဈေးဖြင့် အပြီးခေါ်ယူနိုင်ရန် ကြိုတင်သဘောတူညီမှုရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
နာမည်ကျော်အီတလီသတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ အဆိုအရ မန်စီးတီးအသင်းတွင် နည်းပြ ပက်ဂွာဒီယိုလာနဲ့ အချင်းများခဲ့တဲ့ ကန်ဆယ်လိုရဲ့ အနာဂတ်က မရေမရာဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းကို အငှားချထားခဲ့သလို ယခုအချိန်မှာလည်း ဘာစီလိုနာအသင်းတွင် ၁ ရာသီအငှားချကာ အပြီးရောင်းချရန် စီစဉ်နေတာလည်း ဖြစ်ပါတယ်။
နည်းပြ ဇာဗီရဲ့ ဘာစီလိုနာအသင်းက ကြံ့ခိုင်မှုအားနည်းတာကြောင့် ပွဲထွက်ခွင့် မရေမရာဖြစ် နေတဲ့ အူဆူမန်ဒမ်ဘီလီကို ယူရိုသန်း ၅၀ဖြင့် ပြင်သစ်ချန်ပီယံအသင်းကို ရောင်းချထားခဲ့ပြီး ဘတ်ဂျက်စုဆောင်းထားတာလည်း ဖြစ်ပါတယ်။ မန်စီးတီးအ သင်းကသာ ပေါ်တူဂီညာနောက်တန်းအစွန်ကစားသမား ကန်ဆယ်လိုအပေါ် သဘောထားပြောင်းလဲကာ အပြောင်းအရွှေ့အထမမြာက်ခဲ့ပါက နည်းပြ ဇာဗီရဲ့ ဘာစီလိုနာအသင်းက ရီးရဲလ်ဗယ်လာဒိုးလစ်အသင်းတွင် ခြေစွမ်းထက်နေတဲ့ အိုင်ဗန်ဖရက်စ်နီဒါကို ခေါ်ယူရန်ပါ လုပ်ဆောင်ခဲ့ပေမဲ့ အပြောင်းအရွှေ့ပိတ်သိမ်းခါးနီးမှာ ပေါ်တူဂီစတားကို ၁ ရာသီအငှားဖြင့် ခေါ်ယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
နည်းပြ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းလူစာရင်းမှာ ဖယ်ရှားခံရအပြီးမှာ ကန်ဆယ်လို အနေဖြင့် ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းကို အငှားသွားရောက်ကစားခဲ့ရာမှာ အကောင်းဆုံး ခြေစွမ်းမပြနိုင်ခဲ့ပေမဲ့ ကတ္တလန်အခြေစိုက်ကလပ်နဲ့အတူ ပါဝင်ကစားထားတဲ့ ပွဲဦးထွက် ပွဲစဉ် ၃ ပွဲမှာ ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးကာ ခြေစွမ်းပြ ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
စပိန်ဘက်မှလာတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ လာလီဂါချန်ပီယံကလပ်အနေဖြင့် ကန်ဆယ်လိုအား ခေါ်ယူနိုင်ရေးအတွက် မန်စီးတီးအသင်းရဲ့ ကနဦးသတ်မှတ်ဈေး ယူရိုသန်း ၇၀ မှ ယူရို ၃၅ သန်းဖြင့် ပေးချေခေါ်ယူနိုင်ရန် နှုတ်အားဖြင့် ကြိုတင်သဘောတူညီမှုရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။