
နီကိုဝီလီယံရဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ရခြင်းအတွက် အေးဂျင့်ကို အပြစ်တင်လိုက်တဲ့ ဘာစီလိုနာ
ဘာစီလိုနာအသင်းဟာ စပိန်လက်ရွေးစင်ကစားသမား နီကိုဝီလီယံကို ခေါ်ယူဖို့ မျှော်လင့်ခဲ့ပေမဲ့ အပြောင်းအရွှေ့က ပျက်ပြယ်သွားခဲ့ပြီး ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ဖီးလစ်တန်တာက "လက်မခံနိုင်တဲ့" တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး ဝေဖန်ပြစ်တင်ခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စဟာ ဝီလီယံဟာ ဘာစီလိုနာအသင်းက နွေရာသီတစ်ခုလုံး ချိတ်ဆက်နေခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဘီလ်ဘာအိုနဲ့ ၂၀၃၅ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။
Cadanaser ရဲ့ အဆိုအရ ဘာစီလိုနာအသင်းက ဝီလီယံကိုယ်တိုင်က ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လိုကြောင်း ဆက်သွယ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဘာစီလိုနာအသင်းက ကစားသမားနဲ့ ငွေကြေးပိုင်းဆိုင်ရာကိစ္စတွေ၊ စာချုပ်သက်တမ်းတွေနဲ့ပတ်သက်ပြီး သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ပေမဲ့ တန်တာရဲ့ နောက်ဆုံးမိနစ်မှာ အလွတ်ပြောင်းရွှေ့ခွင့် တောင်းဆိုမှုနဲ့ ဇူလိုင်လမှာ စာရင်းသွင်းရမယ်ဆိုတဲ့ တောင်းဆိုမှုတွေကြောင့် ညှိနှိုင်းမှုတွေ ပျက်ပြားခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာဘုတ်အဖွဲ့က ဒီတောင်းဆိုမှုတွေဟာ တရားဝင်အပြောင်းအရွှေ့ထက် ဘီလ်ဘာအိုအသင်းရဲ့ အကျိုးစီးပွားကို ဦးစားပေးတာလို့ ယူဆခဲ့ပါတယ်။ နီကိုဝီလီယံကတော့ နှစ်ရာသီဆက် ဘာစီလိုနာကို မျှော်လင့်ချက်တွေပေးခဲ့ပြီး နောက်ဆုံးမှာတော့ ဘီလ်ဘာအိုနဲ့သာ စာချုပ်သက်တမ်းတိုးသွားခဲ့တာ ဖြစ်ပါတယ်။