The network connection is lost.

Banner Image

ပီဒရီဒဏ်ရာအတွက် ယူအီးအက်ဖ်အေရဲ့လျော်ကြေးကို စောင့်မျှော်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာကွင်းလယ်လူ ပီဒရီဟာ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၄ ယူရိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး ဒဏ်ရာရခဲ့တာကြောင့် ယခုအခါမှာတော့ ယူအီးအက်ဖ်အေက ကစားသမားရဲ့ကလပ်အသင်းကို လျော်ကြေးပေးဆောင်သွားရမှာဖြစ်ပါတယ်။

ပီဒရီအနေနဲ့ လာမယ့်ဇူလိုင်လ ၉ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် စပိန်နဲ့ပြင်သစ်တို့ရဲ့ ယူရို ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင်အထိ အသင်းမှာ ဆက်လက်ကျန်ရှိနေဦးမယ်ဆိုပေမယ့် ပြိုင်ပွဲမှာ ဆက်လက်ပါဝင်သွားမှာမဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။ ပီဒရီဟာ ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ဂျာမနီကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ တိုနီခရူးစ်နဲ့တိုက်မိခဲ့ပြီး ဒူးခေါင်းဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

တိုနီခရူးစ်က သူ့ကြောင့်ဒဏ်ရာရခဲ့တဲ့ ပီဒရီကို တောင်းပန်စကားဆိုခဲ့ပြီး ယခုအခါမှာတော့ ဘာစီလိုနာ ကွင်းလယ်လူဟာ ဒဏ်ရာကနေပြန်လည်သက်သာဖို့ အာရုံစိုက်နေပြီဖြစ်ပါတယ်။ ကစားသမားဟာ ၄ ပတ်ကနေ ၆ ပတ်အထိ အနားယူသွားရမှာဖြစ်လို့ ဘာစီလိုနာရဲ့ ၂၀၂၄-၂၅ ရာသီအစ ပွဲစဉ်အချို့ကို လွဲချော်သွားမယ်လို့ သိရပါတယ်။

သို့သော်လည်း ယခုအခါမှာတော့ ယူအီးအက်ဖ်အေက ကစားသမားရဲ့ ပျက်ကွက်မှုအတွက် လျော်ကြေးပေးဆောင်သွားမယ်လို့ အပြုသဘောဆောင်တဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ တကယ်လို့ ကစားသမားတစ်ယောက်ဟာ ၂၈ ရက်ကြာအထိ အနားယူသွားရမယ်ဆိုရင် ယူအီးအက်ဖ်အေအနေနဲ့ ကစားသမားရဲ့ကာလရှည်ဒဏ်ရာအတွက် ယူရို ၇.၅ သန်းအထိ ပေးချေသွားရမယ့် စည်းမျဉ်းစည်းကမ်းရှိနေတာဖြစ်ပါတယ်။

ယခုအခါမှာ ပီဒရီအတွက် ဩဂုတ်လ ၂ ရက်နေ့ကနေ စတင်ပြီး ပျက်ကွက်ခြင်းအတွက် တစ်ရက်ကို ယူရို ၂ သောင်း ၅ ရာ ပေးချေသွားရမှာဖြစ်လို့ ယူအီးအက်ဖ်အေအနေနဲ့ စုစုပေါင်း ယူရို ၃ သိန်းဝန်းကျင်လောက်အထိ ကုန်ကျသွားဖွယ်ရှိနေပါတယ်။