The network connection is lost.

Banner Image

ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ချန်ပီယံလိဂ်အရှိန်အဟုန်ကို ဆက်ထိန်းဖို့ အာတီတာ တိုက်တွန်း

အာဆင်နယ်နည်းပြ အာတီတာက အသင်းအနေနဲ့ ရီးရဲလ်အသင်းနဲ့ပွဲက အရှိန်အဟုန်ကို လာမယ့်ဘရန့်ဖို့ဒ်နဲ့ပွဲမှာလည်း ဆက်ထိန်းဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ ကြားရက်တုန်းက လက်ရှိချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်အသင်းကို ၃ ဂိုးပြတ်အနိုင်ယူခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ အာတီတာအနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်လည်အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။

“ရီးရဲလ်နဲ့ညက မယုံကြည်နိုင်စရာကောင်းတဲ့စွမ်းရည်ကောင်းကို မြင်ခဲ့ရသလို ထူးခြားတဲ့ညဖြစ်ခဲ့ပါတယ်။ အဲ့တာက ပြီးသွားပါပြီ။ အခုတော့ ဘရန့်ဖို့ဒ်နဲ့ပွဲကို အာရုံစိုက်ရပါမယ်။ ဒီပွဲကလည်း ကျွန်တော်တို့ရလဒ်ကောင်းယူရမယ့်ပွဲပါ။  ရီးရဲလ်နဲ့ပွဲက အရှိန်ကို ဘရန့်ဖို့ဒ်နဲ့ပွဲမှာလည်း ဆက်ထိန်းနိုင်ဖို့ မျှော်လင့်ပါတယ်။ သူတို့အသင်းက အသင်းကောင်းတစ်သင်းဖြစ်သလို လျော့တွက်လို့မရပါဘူး။ ကျွန်တော်တို့ ကစားသမားတွေ ဘယ်လောက်ပြန်ကောင်းလဲဆိုတာကို စောင့်ကြည့်ရမှာပါ။ ဘာလို့လဲဆိုတော့ ရီးရဲလ်ပွဲတင်မဟုတ်ပဲ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ပွဲစဉ်တွေရှိနေပါသေးတယ်။ ဒါက ကျွန်တော်တို့ လုပ်ရမယ့်အရာဖြစ်ပြီး ၃ ရက်တိုင်းကိုကန်နေရပြီး မတူညီတဲ့ပြိုင်ပွဲတွေကန်နေရပါတယ်။

ဥရောပမှာကော ပရီးမီးယားလိဂ်မှာပါ ကန်နေရပါတယ်။ ဘယ်လိုပြိုင်ပွဲကိုမဆိုခင်ဗျားအနေနဲ့ အသင်းကောင်းတစ်သင်းဖြစ်မှသာ အနိုင်ကန်နိုင်မှာပါ။ ဆာကာ နဲ့ ဟာဗက်ဇ်တို့အခြေအနေက ဆင်တူပါတယ်။ ပြီးတော့ ၂ ယောက်စလုံးကလည်း စိတ်ပိုင်းဆိုင်ရာလည်း တူညီပါတယ်။
အသင်းဆေးအဖွဲ့ကလည်း အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ မကြာခင်မှာ ကိုင်ပြန်လာနိုင်ချေရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ရမှာပါ။ အခုတော့ နောက်ဆုံးအဆင့် ပြန်လည်ကြံ့ခိုင်မှုကို လုပ်ဆောင်နေပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။