The network connection is lost.

Banner Image

ဂျီးဆပ်စ်ဟာ အာဆင်နယ်ကမ္ဘာကို ပြောင်းလဲပေးခဲ့သူဖြစ်တယ်လို့ ပြောလာတဲ့ အာတီတာ

မီကယ်အာတီတာက တိုက်စစ်ဂျီးဆပ်စ်ဟာ အာဆင်နယ်ကမ္ဘာကို ပြောင်းလဲပေးခဲ့သူဖြစ်တယ်လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ အာတီတာလက်အောက် သုံးနှစ်ကြာ ဖြတ်သန်းလာတဲ့ တိုက်စစ်မှူးဟာ တစ်နှစ်အတွင်း ဒူးဒဏ်ရာခွဲစိတ်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ရပါတယ်။

အာတီတာက ❝‌ဂျီးဆပ်စ်နဲ့ပတ်သက်လို့ နောက်ဆုံး ခြောက်လ၊ ခုနစ်လလောက်ကိုပဲ ပြန်ကြည့်ကြည့်ပါ။ သူ ရခဲ့တဲ့ ဒဏ်ရာနဲ့ သူ နားခဲ့တဲ့ ကာလတွေ၊ ပြီးတော့ ရာသီကြိုကာလမှာ ပြန်လာနိုင်ပြီး သူ့ရဲ့ ဟန်ချက်ကို ပြန်တည်ဆောက်နိုင်ခဲ့ပုံတွေ၊ ပြီးတော့ သူ ဒဏ်ရပြန်ရသွားပြီး နောက်ထပ်ခွဲစိတ်ကုသမှု လုပ်ခဲ့ရတယ်။
ဆိုတော့ ကျွန်တော်တို့အနေနဲ့ သူ့ကို အရှိန်ရအောင် လုပ်ရပါဦးမယ်။ သူဟာ အရမ်းကိုကောင်းတဲ့ ကစားသမားတဦး ဖြစ်ပါတယ်။

 ကျွန်တော်တို့အတွက် အရေးပါလှတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့ကမ္ဘာကို ပြောင်းလဲပေးခဲ့သူပါ။ ဒါကို အားလုံးလည်း အမြင်ပဲလေ။
သူဟာ မတူကွဲပြားတဲ့ အားအင်တွေကို ယူဆောင်လာခဲ့သူ ဖြစ်တယ်။ ခြားနားတဲ့ ယုံကြည်ချက်၊ ခြားနားတဲ့ အန္တရာယ်ပေးနိုင်စွမ်းတွေနဲ့ ပြိုင်ဘက်ကို ကြောက်ရွံ့စေသူ ဖြစ်တယ်။ ပြီးတော့ သူဟာ ဒါတွေကို လုပ်ရိုးလုပ်စဉ်အတိုင်းကို လုပ်နေနိုင်တာ။ သူဟာ ကျွန်တော်တို့ကို ပြီးခဲ့တဲ့ရာသီကတည်းက ကြီးမားတဲ့ ခြေလှမ်းတရပ် ဖြစ်စေခဲ့ပါတယ်❞လို့ ပြောခဲ့ပါတယ်။