The network connection is lost.

Banner Image

ယူနိုက်တက်အတွက် အာဆင်နယ်ကနေ ထွက်ခွာရမယ်ဆိုတဲ့ ဖာဒီနန်ရဲ့ ပြောကြားမှုအပေါ် တုံ့ပြန်လိုက်တဲ့ အာတီတာ

အိုးထရက်ဖို့ဒ်မှာ တန်ဟက်က ဖိအားတွေအောက်သို့ နောက်တစ်ကြိမ် ပြန်ရောက်နေတာဖြစ်ပြီး ဖာနန်ဒီက သူ့ရဲ့ YouTube Show FIVE တွင် အာဆင်နယ်နည်းပြ အနေနဲ့ ယူနိုက်တက်ကနေသာ ကမ်းလှမ်းခဲ့ပါက အမ်းမရိတ်ကနေ ထွက်ခွာဖို့ တုန့်ဆိုင်းမနေနသင့်ပါဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
 
"ယူနိုက်တက်သို့ ပြောင်းဖို့အာတီတာက အာဆင်နယ်ကနေ ၁၀၀ % ထွက်ခွာရမှာပါ။ ဒီလိုဖြစ်လာမယ်လို့ ဘယ်သူကမှပြောသေးတာမဟုတ်သော်လည်း ယူနိုက်တက်ကသာ ခေါ်ယူဖို့ တွေးလိုက်ပြီဆိုရင် ကျေးဇူးတင်ပါတယ်လို့ တန်ဟက်က ပြောခဲ့တာကို မှတ်မိကြမှာပါ။ အဲ့ဒီနောက် ယူနိုက်တက်ကလည်း ထိပ်တန်းစာရင်းမှာ အာတီတာကိုထည့်ထားပါတယ်လို့ ပြောမှာပါ" "အဲ့ဒီလိုဖြစ်လာပြီဆိုရင် အာတီတာကလည်း သူ့ရဲ့ကစားသမားတွေကို စိတ်မကောင်းဖြစ်မိပါတယ် ငါတော့ အသင်းပြောင်းတော့မယ်လို့ ပြောကြားမှာပါ" လို့ ဖာဒီနန်က ပြောပါတယ်။
 
ဖာဒီနန်ရဲ့ မှတ်ချက်ပေး ပြောကြားမှုအပေါ် အာတီတာက မေးခွန်းထုတ်လိုက်ပြီး ရှက်ဖီးလ်ယူနိုက်တက်နှင့် ပွဲမတိုင်မီ မီဒီယာတွေသို့ ပြောကြားလိုက်ပါတယ်။ ဒီလိုပြောကြားမှုကို ကြားသိရတာက စိတ်ပျက်စရာမဟုတ်သော်လည်း မကောင်းမြင်တာတွေ များနေတဲ့အတွက် အကောင်းဘက်ကနေ တွေးကြည့်ပေးဖို့အတွက် လိုပါတယ်လို့ အာတီတာက ပြောပါတယ်။
 
"မီဒီယာတွေ၊ အားကစားဝေဖန်သူတွေရဲ့ ပြောစကားတွေထဲ ရောက်လာတာက ကျွန်တော်တို့ အလုပ်တွေရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်" "သူတို့မှာလည်း သူတို့ရဲ့အမြင်ဆိုတာရှိပါတယ်။ အရမ်းကိုအကောင်းမမြင်တဲ့ အရာတွေကိုသာ ကျွန်တော်တို့က အသားပေးပြောဆိုနေကြတာက ပုံမှန်ပါပဲ" "ဒါကြောင့် သူတို့တွေ အကောင်းပြောတဲ့အခါ ကျွန်တော်တို့က ခဏခဏဆိုသလို အသားပေးပြောကြပါတယ်။ ဒါတွေက တကယ်ကိုကောင်းမွန်ပြီး အတွေ့အကြုံရှိတဲ့သူတွေရဲ့ အမြင်တွေ ပြောကြားမှုတွေဖြစ်ပါတယ်" "ဒါတွေကို လုပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့က ပိုပြီးကောင်းလာမှာပါ။ တစ်ခါတစ်လေမှာ ကျွန်တော်တို့က မကောင်းမြင်မှုတွေကို အရမ်းကြီးအာရုံစိုက်တယ်လို့ ထင်မိပါတယ်" လို့ အာတီတာက ပြောပါတယ်။
 
အာတီတာရဲ့လက်ရှိစာချုပ်က ၂၀၂၅ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်သော်လည်း မြောက်လန်ဒန်မှာ ကာလရှည်ရှိနေမယ့် ပုံပေါ်နေတာဖြစ်ပါတယ်။ ဇန်နဝါရီမှာတုန်းက သူနဲ့ ကလပ်တို့နှစ်ဦးစလုံးဟာ ဘာစီလိုနာနည်းပြရာထူးနှင့်ပတ်သက်ပြီး ငြင်းဆိုခဲ့ကြတာဖြစ်ပါတယ်။