The network connection is lost.

Banner Image

အင်္ဂလန်သားတိုက်စစ်မှူးက မိမိအကောင်းဆုံးပုံစံရလာအောင် အကြံပေးခဲ့တယ်လို့ အန်ကွန်ဒူ ပြောကြား

ဒါမက်စ်အသင်းကစားသမား အန်ကွန်ဒူက မိမိအကောင်းဆုံးစွမ်းဆောင်ရည်ရလာအောင် ဘိုင်ယန်တိုက်စစ်မှူး ကိန်းက အကြံပေးခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကင်မရွန်းသားဟာ ဒီရာသီဆော်ဒီလိဂ်မှာ ၈ ဂိုးသွင်း ၊ ၃ ဂိုးဖန်တီးထားနိုင်ခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေပြသနေတာဖြစ်ပါတယ်။ အသက် ၂၉ နှစ်သားက သူ့ရဲ့အကောင်းပုံစံရလာအောင် ကိန်းက အကူအညီပေးခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အန်ကွန်ဒူက အင်တာဗျူးမှာ “သူ(ကိန်း)က ကျွန်တော့်ကို အမြဲတမ်းပြောပါတယ်။ ခင်ဗျားအနေနဲ့ စိတ်အေးအေးထားဖို့ လိုအပ်တယ်ဆိုပြီးပေါ့။ ကျွန်တော်က တောင်ပံကစားသမားပါ။ ဒါကြောင့် ကျွန်တော် ဂိုးရှေ့မှာ အံဝင်မှုမဖြစ်သေးပါဘူး။ အခုတော့ ကျွန်တော် တည်ငြိမ်လာပြီး ယုံကြည်မှုလည်း ပိုရှိလာပါတယ်။ ဘာလို့လဲဆိုတော့ သူ့အကြံပေးမှုကြောင့်ပါ။ ကျွန်တော် ဟယ်ရီဆီကနေ အများကြီးသင်ယူပါတယ်။ 

ဂိုးသွင်းနိုင်သူတစ်ဦးအနေနဲ့ သူ့လိုကစားသမားမျိုး ကျွန်တော် ဘယ်တုန်းကမှမမြင်ဖူးပါဘူး။ကျွန်တော် အကောင်းဆုံးနေရာရနိုင်မယ်ဆို သိပါတယ်။ ဒါပေမယ့် အချို့သွင်းဂိုးတွေဆိုရင် ကိန်းကိုသတိရမိပါတယ်။ သူက ဂိုးရှေ့မှာ အရမ်းပါးနပ်တဲ့ကစားသမားမျိုးပါ”လို့ ဖြေကြားခဲ့ပါတယ်။ အန်ကွန်ဒူဟာ အသက် ၂၁ နှစ်အရွယ်တုန်းက တော့တင်ဟမ်ကိုပြောင်းရွှေ့ခဲ့ပြီး ၂၇ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ အဲ့နောက် ဘန်လေ ၊ မိုနာကိုအသင်းတွေထံမှာ အငှားထွက်ကစားခဲ့ရပြီး အင်္ဂလန်ကိုပြောင်းရွှေ့ခဲ့ရတာနဲ့ပတ်သက်လို့ နောင်တမရမိဘူးလို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အင်္ဂလန်ကိုပြောင်းဖို့အခွင့်အရေးရချိန်မှာ တွေဝေခြင်းမရှိပဲ ကျွန်တော်ပြောင်းလာခဲ့ပါတယ်။ ဒါက ကျွန်တော် အမြဲတမ်းလိုချင်တဲ့အရာဖြစ်တာကြောင့်ပါ။ မှန်ပါတယ်။ ကျွန်တော် အရမ်းငယ်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော် အမြဲယုံကြည်ပါတယ်။ ကျွန်တော့်အရည်အချင်းကိုလည်း ကျွန်တော်သိပါတယ်။ ထိပ်တန်းအသင်းတစ်သင်းကို ရောက်ချိန်မှာ ခင်ဗျားကငယ်ရွယ်နေချိန် ပထမဆုံးအနေနဲ့ သင်ယူရပါတယ်။

ဘာလို့လဲဆိုတော့ ထိပ်တန်းအသင်းမှာက ထိပ်တန်းကစားသမားတွေများပါတယ်။ တိုင်းပြည်အသစ်တစ်ခုမှာက အထိုင်ကျဖို့ လိုအပ်ပါတယ်။ ပြီးတော့ ယဉ်ကျေးမှုအပြင် ဘာသာစကားပါ အခက်အခဲရှိပါတယ်။ ကျွန်တော် တော့တင်ဟမ်မှာ အားကစားခန်းမကို အမြဲတမ်းအသုံးပြုပါတယ်။ ပြင်သစ်မှာ အဲ့တာက ဘောလုံးနဲ့အတူ နည်းစနစ်ပိုင်းပိုလေ့လာရပါတယ်။ ကျွန်တော် လေ့ကျင့်ခန်းအစီအစဉ်မှာ ကျွန်တော့်ကိုကျွန်တော်တိုးတက်လာအောင် လုပ်ဆောင်ပါတယ်။ အများကြီးမကစားရရင်တောင် ကျွန်တော် ဘောလုံးအကြောင်းအများကြီးသင်ယူပါတယ်။ ကျွန်တော် ထွက်ခွာချိန်မှာလည်း ပိုချက်တီနိုကို ကျေးဇူးတင်ကြောင်း စာပို့ခဲ့ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ အသက် ၂၉ နှစ်သားဟာ အခုနှစ် အာဖရိကနေးရှင်းလိဂ်ဖလားကိုရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး နိုင်ငံအသင်းကိုကူညီပေးချင်နေပါတယ်။