The network connection is lost.

Banner Image

အာဆင်နယ်အတွက် ပါတေးပြန်ကစားပေးနိုင်တော့မယ်လို့ အာတီတာ အတည်ပြု

အာဆင်နယ်နည်းပြ အာတီတာက ပါတေးတစ်ယောက် ကာလရှည်နားနေရာကနေ ပြန်လာတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။
 
ပါတေးဟာ အောက်တိုဘာတုန်းက ပေါင်ဒဏ်ရာကြောင့် နားနေရတာဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတင်မဟုတ်ပဲ ဂါနာအသင်းရဲ့ အာဖရိကနေးရှင်းလိဂ်ဖလား ပွဲစဉ်ကိုပါ လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ ဂါနာသားအနေနဲ့ ကာလရှည်နားနေရာကနေ ပြန်လာနိုင်တော့မှာဖြစ်ပါတယ်။
 
ကြာသပတေးနေ့တုန်းက သတင်းစာရှင်းပွဲမှာ အာတီတာက ရှက်ဖီးလ်နဲ့ပွဲမတိုင်ခင် ဒဏ်ရာရအခြေအနေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ စပိန်သားက ပါတေးအနေနဲ့ စီနီယာအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပြီလို့ ထုတ်ဖော်ပြောကြားခဲ့ကာ ပြန်ကစားနိုင်တော့မယ်လို့ အတည်ပြုခဲ့ပါတယ်။
 
ပါတေးအနေနဲ့ အသင်းနဲ့အတူ ၂ ပတ် ဒါမှမဟုတ် ၃ ပတ်ဆက် လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့တာကြောင့် ရှက်ဖီးလ်နဲ့ပွဲမှာ ပါဝင်နိုင်မယ်လို့ ဆိုပါတယ်။ ဒီရာသီ ပါတေးတစ်ယောက် အသင်းအတွက် ၅၄၁ မိနစ်အထိ ပါဝင်ကစားထားကာ ဂါနာသားပြန်လာနိုင်တာက အာတီတာ နဲ့ အာဆင်နယ်အတွက် ကွင်းလယ်ပိုင်းမှာ ရွေးချယ်စရာများပြားလာဖွယ်ရှိနေပါတယ်။