The network connection is lost.

Banner Image

အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မက်ဆေ့ချ်ပေးပို့လိုက်တဲ့ လိုက်ပ်ဇစ်စတား

အာဆင်နယ်အသင်းပစ်မှတ် လိုက်ပ်ဇစ်စတား ဆက်စ်ကိုက သူ့အနေနဲ့ မကြာခင်မှာအသင်းကနေထွက်ခွာမယ်လို့ ပြောကြားလိုက်ပါတယ်။ အာတီတာရဲ့အသင်းဟာ ဆက်စ်ကိုကို ပြီးခဲ့တဲ့နှစ်ကတည်းက ချိတ်ဆက်ခဲ့တာဖြစ်ပြီး အခုနွေရာသီမှာလည်း တစ်ဖန်ပြန်လည်ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။ လိုက်ပ်ဇစ်အတွက် ၄၅ ပွဲမှာ ၂၁ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဆက်စ်ကိုဟာ လိုက်ပ်ဇစ်အသင်းချန်ပီယံလိဂ်မဝင်ခဲ့တာကြောင့် ဘဏ္ဍာရေးအခြေအနေကြောင့် ရောင်းထုတ်ခံရနိုင်တာဖြစ်ပါတယ်။

The Sun သတင်းဌာနရဲ့အဆိုအရ လိုက်ပ်ဇစ်အသင်းဟာ လာမယ့်အပတ်ထဲမှာပဲ ဆက်စ်ကိုအပြောင်းအရွှေ့ကို အပြီးသတ်ချင်နေတယ်လို့ သိရပါတယ်။ နောက်ထပ်သတင်းတွေအရ လိုက်ပ်ဇစ်ဘက်က အသက် ၂၁ နှစ်သားအတွက် ပြောင်းရွှေ့ကြေးပေါင် ၈၅ သန်းအထိအလိုရှိနေပေမယ့် ပေါင်သန်း ၆၀ လောက်နဲ့ဈေးအဆင်ပြေနိုင်တယ်လို့ သိရပါတယ်။ ဆလိုဗေးနီးယားသားဟာ ၂၀၂၃ တုန်းက ဆဲလ်ဘတ်ဂျ်အသင်းထံကနေ လိုက်ပ်ဇစ်အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပေါင် ၅၅ သန်းတန် စာချုပ်ဖျက်သိမ်းကြေးနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

“ဘာဆက်ဖြစ်မလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။ အဲ့တာက လမ်းဖွင့်ထားပါတယ်။ ဘာမဆိုဖြစ်နိုင်ပါတယ်”လို့ ဆက်စ်ကိုက ဖြေကြားခဲ့ပါတယ်။ လိုက်ဇစ်အသင်းဟာ လက်ရှိဘရာဇီးမြေမှာ ခြေစမ်းနေပြီး ဆက်စ်ကိုကတော့ ဒူးဒဏ်ရာအခြေအနေကြောင့် မပါဝင်ဘူးလို့ သိရပါတယ်။ အာဆင်နယ်ဟာ အခြားတစ်ဖက်မှာလည်း စပို့တင်းအသင်းနဲ့ ယိုကရက်စ်အပြောင်းအရွှေ့အတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ပေါ်တူဂီကလာတဲ့သတင်းတွေအရ အာဆင်နယ်ဟာ စပို့တင်းစတားကို ပေါင် ၅၈ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပြီး တစ်ပတ်လုပ်ခပေါင် ၁၁၀၀၀၀ နဲ့ ၅ နှစ်စာချုပ်ကမ်းလှမ်းဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ ဇူဘီမန်ဒီကို ပေါင် ၅၁ သန်းနဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကာ မကြာခင်မှာ ဆေးစစ်မှုခံယူမှာဖြစ်ပါတယ်။