The network connection is lost.

Banner Image

ပေါင် ၂၄ သန်းတန် တိုက်စစ်မှူးအား ချဲလ်ဆီး၊ ယူနိုက်တက်တို့နှင့်အပြိုင်ခေါ်ယူမယ့် အာဆင်နယ်

ချဲလ်ဆီးဟာ ဒီလတွင် မက်သီတယ်အား ချဉ်းကပ်ခဲ့သော်လည်း အသက် ၁၉ နှစ်အရွယ် ကစားသမားက ဘိုင်ယန်မြူးနစ်တွင်သာ ဆက်လက်ရှိနေလိုတာဖြစ်ပါတယ်။ သို့သော် ပြင်သစ် လက်ရွေးစင်ဟာ ကွန်ပနီ လက်အောက်တွင် ကစားချိန်နည်းပါးမှုကြောင့် ယခုအခါ သူရဲ့သဘောထားကို ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။  

ယခုရာသီ လက်ရှိအချိန်အထိ မက်သီတယ်ဟာ ဘိုင်ယန်မြူးနစ်ရဲ့ ပွဲစဉ် ၁၂ ပွဲတွင်သာ ပါဝင်ခဲ့ရပြီး ဘွန်ဒက်စ်လီဂါတွင် ၂ ပွဲသာ စတင်ကစားခွင့်ရခဲ့ပါတယ်။ TZ ရဲ့ဖော်ပြချက်အရ အာဆင်နယ်ဟာ မက်သီတယ်အား ၂၀၂၂ ခုနှစ် ဇူလိုင်လ ရီးနက်စ်မှ ယူရို ၂၈.၅ သန်း (ပေါင် ၂၄.၄ သန်း) ဖြင့် မပြောင်းရွှေ့ခင်ကတည်းက စိတ်ဝင်စားခဲ့တာပါ။

သတင်းတွေအရ အာဆင်နယ်ဟာ မက်သီတယ် ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ပြီးနောက် သူ့အား ဆက်လက်စိတ်ဝင်စားခဲ့ပြီး ဇန်နဝါရီလ အပြောင်းအရွှေ့ကာလ မကုန်ဆုံးမီ အာတီတာအတွက် တိုက်စစ်မှူး အင်အားဖြည့်တင်းရန် ဈေးကွက်တွင် ဆက်လက်ရှိတုန်းဖြစ်ပါတယ်။ ထို့အပြင် ချဲလ်ဆီးဟာ ဒီလတွင် မက်သီတယ် အတွက် ရွေးချယ်စရာအဖြစ် မရှိနေကြောင်း သိရပါတယ်။ ကစားချိန်နည်းပါးသော်လည်း ဘိုင်ယန်မြူးနစ်ရဲ့ အားကစားဒါရိုက်တာက ကလပ်အသင်းဟာ မက်သီတယ်အား ဘွန်ဒက်စ်လီဂါ တွင် အောင်မြင်ရန် ဆက်လက်ထောက်ခံကြောင်း ဒီလမှာ ပြောကြားခဲ့ပါတယ်။  

"သူဟာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အရမ်းတော်တဲ့ လူငယ်တစ်ယောက်ဖြစ်တာကြောင့် ကျွန်တော်တို့အသင်းနဲ့ အဆက်အသွယ်ကောင်းတွေ ရှိနေပါတယ်။ သူဟာ ကျွန်တော်တို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်သင့်ပါတယ်" "ကျွန်တော်တို့မှာ ဆွေးနွေးမှုတွေ အများကြီးရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က မက်သီတယ် ကို ကျွန်တော်တို့နဲ့အတူ အောင်မြင်စေဖို့ပါ"

"ကျွန်တော်တို့ရဲ့ အသင်းဟာ အရည်အသွေးရော၊ အရေအတွက်ပါ ကောင်းမွန်တဲ့အတွက် ကျေနပ်နေပါတယ်" "တကယ်လို့ ကစားသမားတစ်ယောက်က မပျော်ရွှင်ဘူးဆိုရင် ကျွန်တော်တို့ ဆွေးနွေးနိုင်ပါတယ်။ ဒါပေမယ့် မက်သီတယ် နဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က သူ့ကို ဒီမှာ အောင်မြင်စေဖို့ပါ" လို့ အားကစားဒါရိုက်တာက ပြောပါတယ်။