
ဘက်တစ်သို့ အငှားထွက်ကစားပြီးနောက် ယူနိုက်တက်အပေါ် ဝေဖန်ပြောကြားလိုက်တဲ့ အန်တိုနီ
ဘက်တစ်သို့ အငှားသွားရောက်ကစားရာတွင် အကောင်းဆုံး စတင်နိုင်ခဲ့ပြီးနောက် သူ့ကိုယ်သူ လွတ်လပ်စွာ ဖော်ပြခွင့်ရှိကြောင်း ယူနိုက်တက်ရဲ့တောင်ပံကစားသမား အန်တိုနီက ပြောကြားလိုက်ပါတယ်။ ဘရာဇီးနိုင်ငံသားဟာ တနင်္ဂနွေက ရီးရဲလ်ဆိုစီဒက်စ် ကို ၃-၀ ဂိုးဖြင့် အနိုင်ရရန် ကူညီခဲ့တဲ့ပွဲမှာ အံ့သြဖွယ်ကောင်းတဲ့ ကန်ချက်ဖြင့် ပထမဆုံး ပွဲ ၄ ပွဲတွင် တတိယမြောက် သွင်းဂိုးကို သွင်းယူခဲ့ပါတယ်။
သူဟာ ပြီးခဲ့တဲ့လက ရာသီကျန်ကာလအတွက် အငှားကစားရန်ရောက်ရှိလာခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ရပ်တန့်နေခဲ့တဲ့ သူ့ရဲ့ကစားသမားဘဝကို ပြန်လည်စတင်ရန် အခွင့်အလမ်းကို ရရှိခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီလ အသင်းပြောင်းခဲ့တဲ့အချိန်အထိ သူဟာ လက်ရှိရာသီတွင် ၁၄ ပွဲသာ ကစားခဲ့ရပြီး ပရီးမီးယားလိဂ်တွင် နောက်ဆုံးပွဲထွက်ကစားသမားအဖြစ် ပါဝင်မှုကတော့ မေလတွင် ဖြစ်ပါတယ်။
သို့သော် စပိန်သို့ အငှားပြောင်းရွှေ့မှုတွင် ယခုအချိန်အထိ အကောင်းဆုံးစွမ်းဆောင်မှုကို ပြသနိုင်ခဲ့ပါတယ်။ အန်တိုနီက သူ့ရဲ့ပထမဆုံး ပွဲ ၄ ပွဲတွင် ၃ ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားပါတယ်။ လာလီဂါ ကလပ်တွင် စတင်မှုကောင်းနေတဲ့ အကြောင်းကို သူ၏ ထင်မြင်ချက်ကို အန်တိုနီ က "အရေးအကြီးဆုံးက ပျော်ရွှင်ဖို့ပါ။ ကျွန်တော်က ရီးရဲလ်ဘက်တစ် မှာ အရမ်းပျော်တယ်။ အရာတွေက သဘာဝအတိုင်း ဖြစ်လာပါတယ်" "ဒီမှာ ကျွန်တော်ကို ဥရောပသို့ ခေါ်ဆောင်လာခဲ့တဲ့ ခြေစွမ်းကို ပြသနိုင်ပါတယ်" လို့ ပြောပါတယ်။
ပယ်လီဂရီနီရဲ့အသင်းအတွက် ပထမဆုံး ပွဲ ၄ ပွဲတွင် ဂိုး ၃ ဂိုးသွင်းယူခဲ့ပြီးနောက် အန်တိုနီအတွက် ယခုအချိန်မှစ၍ ရာသီကုန်အထိ ရည်မှန်းချက်ကြီးများ ချမှတ်ရန် အခွင့်အလမ်းရှိနေပါတယ်။ သို့သော် သူက ကွင်းအတွင်း ဆက်လက်ရပ်တည်ရန် နှင့် နေ့စဉ် ရင်ဆိုင်ရန်အတွက် စိတ်အားထက်သန်နေပါတယ်။ သူက "ကျွန်တော်က ဂိုးအရေအတွက် တစ်ခုခု သတ်မှတ်ထားတာ မဟုတ်ပါဘူး။ ကျွန်တော် ကြိုးစားလုပ်ဆောင်နေတယ် ပျော်ရွှင်နေတယ် နေ့တိုင်း အာရုံစိုက်နေတယ်။ ဒီလိုပဲ ဆက်သွားကြရအောင်ပါ" လို့ ဆက်ပြောပါတယ်။
အန်တိုနီက ဘက်တစ်ရဲ့ ဂျန့် ၊ ဆိုစီဒက်စ်တို့နှင့် ကစားခဲ့တဲ့ ပွဲများတွင် ဂိုးသွင်းယူခဲ့ပြီးနောက် စပိန်ကလပ်ဟာ ရာသီကုန်နောက်ပိုင်းတွင် အသက် ၂၄ နှစ်အရွယ် ကစားသမားကို အသင်းတွင် ဆက်လက်ထားရှိရန် ဖွင့်ဟခဲ့ပါတယ်။ ကလပ်စီအီးအို က "ကျွန်တော်လည်း အဲ့ဒီလိုထင်မိပါတယ်။ တစ်နေ့က ယူနိုက်တက်ရဲ့ စီအီးအိုက ကျွန်တော့်ကို ဖုန်းခေါ်ခဲ့တယ်"
"ကျွန်တော်တို့က သူတို့ရဲ့ ကစားသမား ဂရုစိုက်နေတယ်ဆိုတာ သူတို့မြင်နိုင်အောင်၊ ကစားသမားရဲ့ လှုပ်ရှားမှုတွေနဲ့ အသေးစိတ်တွေကို သူတို့ဆီ ပို့ခဲ့တယ်။ ယူနိုက်တက်ရော ကစားသမားနဲ့ပါ ဆက်ဆံရေး အရမ်းကောင်းတယ်။ နောက်ရာသီမှာ သူဆက်နေနိုင်တဲ့ အလားအလာရှိတယ် ဘာလို့မဖြစ်ရမှာလဲ" လို့ ပြောပါတယ်။