The network connection is lost.

Banner Image

လီဗာပူးကို ငြင်းပယ်ပြီး ယူနိုက်တက်သို့ ပြောင်းရွှေ့ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ရှင်းပြလိုက်တဲ့ အမ်မရာဘတ်

မော်ရိုကိုလက်ရွေးစင်ကစားသမားဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ကနဦးပေါင် ၈.၅ သန်း (ယူရို ၁၀ သန်း) အငှားစာချုပ်ဖြင့် ဖီအိုရင်တီးနားမှ ရောက်ရှိလာခဲ့တာဖြစ်ပြီး တန်ဟက်ရဲ့အသင်းဟာ ပေါင် ၂၁.၄ သန်း (ယူရို ၂၅ သန်း) ဖြင့် အပြီးသတ် ခေါ်ယူရန် ရွေးချယ်ခွင့်ရှိနေတာဖြစ်ပါတယ်။

လီဗာပူးဟာ နွေရာသီဈေးကွက်တွင် ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့အတွက် ဈေးကွက်ကစားသမားရှာနေတာဖြစ်ပြီး သူတို့ရဲ့ ဆန်ခါတင်စာရင်းထဲမှာ အမ်မရာဘတ်လည်း ပါဝင်ခဲ့ပါတယ်။

အမ်မရာဘတ်ဟာ လီဗာပူးသို့ ပြောင်းရွှေ့ရန် နီးစပ်ခဲ့ပြီး အန်ဖီးလ်သို့ ပြောင်းရွှေ့မယ့် အလားအလာနှင့် ပတ်သက်ပြီး နည်းပြကလော့ပ်နှင့်ပင် စကားပြောဆိုခဲ့ကြောင်း ပြောဆိုထားပါတယ်။ သို့သော်လည်း တန်ဟက်နှင့်ပြန်လည် ဆုံတွေ့ခြင်းသာ သူ့ရဲ့ပထမဦးစားပေးရွေးချယ်မှုဖြစ်တယ်လို့ အမ်မရာဘတ်က အခိုင်အမာပြောဆိုထားပါတယ်။

နွေရာသီအပြောင်းအရွှေ့မှာ ခက်ခဲတဲ့ကာလကို ကြံ့ကြံ့ခံပြီး ယူနိုက်တက်သို့ ပြောင်းရွှေ့နိုင်မလားလို့ မေးမြန်းရာမှာ အမ်မရာဘတ်က "ဟုတ်ပါတယ်" လို့ ဖြေခဲ့ပါတယ်။ "ကလပ်နဲ့နောက်ဆုံးပွဲဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ ကွန်ဖရင့်လိဂ်ဖိုင်နယ်အပြီးမှာ ကျွန်တော့်အတွက် အပြောင်းအရွှေ့က စတင်လာခဲ့ပါတယ်" "အသင်းတော်တော်များများက ခေါ်ယူဖို့ ဆွေးနွေး ပြောဆိုနေကြပေမယ့် ကျွန်တော့်အတွက်ကတော့ ယူနိုက်တက်သို့သာ ပြောင်းချင်တာက ရှင်းပါတယ်" "ကျွန်တော့်အတွက် ရှည်ကြာတဲ့လတွေ ခက်ခဲတဲ့လတွေ ဖြစ်ခဲ့ပေမဲ့ အဆုံးသတ်မှာတော့ ယူနိုက်တက်နဲ့ လက်မှတ်ထိုးနိုင်ခဲ့တာကြောင့် ဝမ်းသာမိပါတယ်။ အခု ကျွန်တော် ဒီမှာ ရှိနေတာက အရေးကြီးဆုံးပါပဲ" လို့ သူက ပြောပါတယ်။

ရာသီကုန်မှာ ယူနိုက်တက်သို့ အမြဲတမ်းပြောင်းရွှေ့ခွင့်ရဖို့ အလားအလာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အမ်မရာဘတ်က "အဲ့ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် မစဉ်းစားရသေးပါဘူး။ ကျွန်တော့်အတွက်ကတော့ ဒီနေ့ ကျွန်တော်ဟာ ယူနိုက်တက် ကစားသမားပါ" "ကျွန်တော်လုပ်နိုင်တာက နေ့တိုင်း အသင်းကို ကူညီဖို့ ၊ ကျွန်တော် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားဖို့ပါပဲ" "ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ရာသီတစ်ခုဖြစ်ဖို့ တခုခုကို အောင်မြင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ပြီးရင် နောက်ပိုင်းမှာ ဘာဖြစ်လာမလဲဆိုတာ တွေ့ရမှာပါ" "ဟုတ်ပါတယ်။ ဒီမှာ နေချင်ပေမယ့် ဒါက ကျွန်တော့်အတွက် အရေးမကြီးပါဘူး။ အနာဂတ်ကို သိပ်အဝေးကြီး မကြည့်မိပါဘူး" လို့ ပြောပါတယ်။