The network connection is lost.

Banner Image

ရာသီမကုန်ခင် ယူနိုက်တက်စတာပြန်လာနိုင်တယ်လို့ အာမိုရင် ဝန်ခံပြောကြား

ယူနိုက်တက်နည်းပြ အာမိုရင်က တောင်ပံကစားသမား အာမက်ဒီယာလိုတစ်ယောက် ရာသီမကုန်ခင်မှာ အသင်းထံပြန်လာနိုင်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။လေ့ကျင့်ခန်းအစီအစဉ်မှာ ရရှိခဲ့တဲ့ခြေကျင်းဝတ်ဒဏ်ရာကြောင့် အာမက်အနေနဲ့ ရာသီကုန်အထိနားရမယ်လို့ တွေးထင်ခဲ့တာဖြစ်ပါတယ်။ ဒီယာလိုဟာ ဒီရာသီယူနိုက်တက်ရဲ့အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ဒဏ်ရာမရခင် ပရီးမီးယားလိဂ် ၂၂ ပွဲမှာ ၆ ဂိုးသွင်း ၊ ၆ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

ကနဦးစိုးရိမ်မှုတွေရှိခဲ့ပေမယ့် ပေါ်တူဂီသားနည်းပြက အာမက်တစ်ယောက် ရာသီမကုန်ခင်မှာ ပြန်လာနိုင်တယ်လို့ ယူဆနေပါတယ်။ မန်ချက်စတာဒါဘီပွဲမတိုင်ခင် အာမိုရင်က အာမက်အခြေအနေနဲ့ပတ်သက်ပြီး “သူ တော်တော်လေးလုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ သူ့ကိုရာသီမကုန်ခင်မှာ အသင်းနဲ့အတူ ပြန်မြင်ရနိုင်ပါတယ်။ ကျန်တာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် သူကိုယ်တိုင်ကလည်း အသင်းအတွက် ပြန်ကစားပေးချင်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စောင့်ဆိုင်းရပါမယ်”လို့ ဖြေကြားခဲ့ပါတယ်။

အာမက်ပြန်လာမယ်ဆိုရင် အာမိုရင်အနေနဲ့ တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာပိုများလာနိုင်ပါတယ်။ လက်ရှိမှာတော့ အာမိုရင်တစ်ယောက် တိုက်စစ်ပိုင်းအတွက် ဖာနန်ဒက်စ် နဲ့ အခြားအသင်းသားတွေကိုသာ မီခိုနေရပါတယ်။