The network connection is lost.

Banner Image

ချဲလ်ဆီးသို့မပြောင်းဘဲ ဘာစီလိုနာမှာပဲ ဘာကြောင့်ဆက်ရှိနေသလဲဆိုတာ ရှင်းပြလာတဲ့ ဖာမင်လိုပက်ဇ်

ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ဖာမင်လိုပက်ဇ်ဟာ နွေရာသီအပြောင်းအရွှေ့ကာလ နောက်ဆုံးနေ့ရက်တွေမှာ အသင်းမှထွက်ခွာပြီး ချဲလ်ဆီးသို့ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ယခုအခါမှာတော့ ဘာစီလိုနာမှာပဲ ဆက်လက်ကျန်ရှိခဲ့တာဖြစ်ပါတယ်။ ကစားသမားက သူ့ရဲ့ဦးစားပေးအသင်းဟာ ဘာစီလိုနာဖြစ်တာကြောင့် အသင်းနဲ့အတူအောင်မြင်မှုတွေ ဆက်လက်ရယူဖို့ ကြိုးစားသွားမယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ရာသီက ဖာမင်ဟာ ဘာစီလိုနာရဲ့ကွင်းလယ်မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး ဆုဖလားအောင်မြင်မှုတွေလည်းရယူနိုင်ခဲ့တာကြောင့် ဥရောပထိပ်သီးကလပ်တွေရဲ့ ပစ်မှတ်ထားစောင့်ကြည့်ခြင်းကို ခံခဲ့ရပါတယ်။သို့သော်လည်း ဖာမင်က သူ့အနေနဲ့ ဘာစီလိုနာကနေထွက်ခွာဖို့ ဘယ်တော့မှစဉ်းစားထားခဲ့ခြင်းမရှိကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။

စပိန်သားက "ကျွန်တော်ဘာပဲလုပ်လုပ် ဘာစီလိုနာအတွက်ပဲ ဦးစားပေးပြီးလုပ်သွားမှာပါ။ ဒီအသင်းက ကျွန်တော်ငယ်ငယ်ကတည်းက အားပေးခဲ့ရတဲ့ အိပ်မက်အသင်းပါ။ အခြားအသင်းတွေဆီကနေ စိတ်ဝင်စားမှုရတယ်ဆိုတာကတော့ ဂုဏ်ယူစရာကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဘာစီလိုနာနဲ့အတူပဲ အောင်မြင်မှုတွေရယူသွားချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဖာမင်လိုပက်ဇ်ဟာ နည်းပြဟန်ဆီဖလစ်ရဲ့ စိတ်ကြိုက်ကစားသမားဖြစ်လာခဲ့ပြီး ပြိုင်ပွဲစုံ ပွဲ ၄၀ ကျော်အထိ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ယခုအခါမှာ ချဲလ်ဆီးသို့ပြောင်းရွှေ့ဖို့ကလည်း ပျက်ပြယ်ခဲ့ပြီဖြစ်တာကြောင့် ကစားသမားဟာ လာမယ့် ၂၀၂၅-၂၆ ရာသီမှာလည်း ဘာစီလိုနာအတွက် အရေးပါတဲ့ကစားသမားအဖြစ် ဆက်လက်ရပ်တည်သွားဖွယ်ရှိပါတယ်။ လာမယ့်စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ ဘာစီလိုနာဟာ လာလီဂါပွဲစဉ်အဖြစ် ဗလန်စီယာနဲ့ ယှဉ်ပြိုင်သွားရပါမယ်။