The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်နှင့် စာချုပ်သစ်ချုပ်ဆိုမယ့် အယ်လ်ဖွန်ဆိုဒေးဗီးစ်

ရာသီအစတကည်းက ဘိုင်ယန်မြူးနစ်ဟာ ပထမအသင်းက စတားကစားကစားတွေကို စာချုပ်သက်တမ်းတိုးဖို့အတွက် လုပ်ဆောင်နေတာဖြစ်ပါတယ်။ မက်စ်အီဘာလ်နှင့် ခရစ္စတိုဖ်ဖူရန်တို့ရဲ့ ကြိုးစားမှုတွေက အောင်မြင်မှုရှိလာပြီး စာချုပ်သက်တမ်းတိုးမှုတွေက နီးစပ်မှုရှိလာပြီဖြစ်ပါတယ်။

သတင်းအရ ယုံကြည်မှုအမြင့်အဆုံးမှာရှိနေတဲ့ The Athletic က ဒေးဗစ်အော်စတိန်းရဲ့ ဖော်ပြချက်များအရ ဘိုင်ယန်မြူးနစ်ဘယ်နောက်တန်းကစားသမား အယ်လ်ဖွန်ဆိုဒေးဗီးစ်ဟာ စာချုပ်သက်တမ်းတိုးဖို့အတွက် နီးစပ်နေပြီဖြစ်ပါတယ်။

The Athletic က အတည်ပြုထားတဲ့ သတင်းတွေမှာတော့ ဒေးဗီးစ်ဟာ ၄ နှစ်သက်တမ်းတိုး စာချုပ်ကို မကြာခင်မှာ ချုပ်ဆိုမှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နှင့် ပရီးမီးယားလိဂ်ကလပ်တွေက ကစားသမားရဲ့အခြေအနေကို စောင့်ကြည့်နေသော်လည်း ဒေးဗီးစ်နဲ့ ဘိုင်ယန်တို့ကြားမှာ သဘောတူညီမှု ရရှိသွားဖွယ်ရှိနေပါတယ်။

ဘိုင်ယန်အတွက် ဒီလုပ်ငန်းစဉ်က ဘယ်လောက်အရေးပါသလဲဆိုတာကို လွန်လွန်ကဲကဲ ပြောလို့မရပါဘူး။ ယခုရာသီတွင် ဒေးဗီးစ်ဟာ ဘိုင်ယန်မြူးနစ်အတွက် စွမ်းဆောင်ရည်ကောင်းတဲ့ ထိပ်တန်းကစားသမား ၅ ဦးတွင်ပါဝင်နေပြီး ထိပ်ဆုံး ၃ တောင် ဖြစ်နိုင်ပါတယ်။ ကွန်ပနီရဲ့ လက်အောက်သို့ ဘိုင်ယန်မြူးနစ်ရောက်လာချိန်မှာတော့ ဟူဟာ တောင်ပံကစားခံစစ်မှူး ပိုမိုကစားလာရပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက ကနေဒါနိုင်ငံသားဟာ ပျမ်းမျှအားဖြင့် တစ်ပွဲလျှင် ဘောလုံးထိချက် ၇၁.၄ ရှိခဲ့ပြီး လက်ရှိရာသီမှာတော့ ၈၅.၁ ရှိခဲ့လာခဲ့ပါတယ်။ ဒါဟာ တစ်ပွဲမှာ ၁၄ အထက် ရှိလာခဲ့တာပါ။ သူ့ရဲ့လိမ်ခေါက်နိုင်မှုကတော့ ၂.၄ ကနေ ၁.၇ အထိ ကျဆင်းသွားကာ ဒါဟာ သူ့ရဲ့ကစားပုံ ပြောင်းသွားတာကို ပြသနေပါတယ်။ 

ဘိုင်ယန်မြူးနစ်သည် ယခုသုံးလခန့်တွင် ခံစစ်ပိုင်းကောင်းမွန်ခဲ့ပြီး ဒေးဗီးစ်ကလည်း အဲ့ဒီအချက်ရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါတဘ်။ နောက်ဆုံး ၂ ပွဲကစားအပြီး သူဟာ နောက်တန်း ၄ ဦးတွင် အမြဲတမ်းပွဲထွက်ကစားခွင့်ရရှိထားသူဖြစ်ပြီး အသင်းအတွက် Clean Sheet နှစ်ကြိမ်ရယူပေးထားပါတယ်။

အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဒီလိုအရည်အသွေးရှိ ကစားသမားတစ်ဦးကို ဆုံးရှုံးရခြင်းဟာ ဘိုင်ယန်မြူးနစ်အတွက် မကောင်းတဲ့အရာပါ။ ဒီလိုကစားသမားကို ရောင်းချခြင်းက တစ်ခုတည်းသော အရာဖြစ်သော်လည်း အလွတ်ဖြင့် ဆုံးရှုံးလိုက်ရခြင်းက ဒဏ်ရာပေါ် ထပ်လောင်း ဒဏ်ရာရသလို ဖြစ်ပေလိမ့်မည်။ ဘိုင်ယန်မြူးနစ်ဟာ နွေရာသီတွင် နောက်တန်းအတွက် ကြီးကြီးမားမား အသုံးပြုထားခြင်းမရှိဘဲ ဒေးဗီးစ်ရဲ့ တောင်းဆိုချက်များနှင့် ပိုမိုနီးစပ်မယ်လို့ အကြံပြုထားတာ ရှိပါတယ်။