The network connection is lost.

Banner Image

မိမိတို့ပရိသတ်တွေရဲ့သရော်ခြင်းကိုခံခဲ့ရလို့ မကျေနပ်ဖြစ်နေတဲ့ ဆွီဒင်စတား

နောက်ထပ်ကမ္ဘာ့ဖလားခြေစစ်ပွဲအတွင်း ဆိုးဝါးတဲ့စွမ်းဆောင်ရည်ကို ပြသခဲ့တဲ့ ဆွီဒင်အသင်းကို သူ့ပရိသတ်တွေက သရော်ခြင်းခံခဲ့ရလို့ တိုက်စစ်မှူး အီဆက်က မကျေမနပ်ဖြစ်နေပါတယ်။ တိုမက်ဆန်ရဲ့ဆွီဒင်အသင်းဟာ ကိုဆိုဗိုအသင်းကိုအရေးနိမ့်ခဲ့တာကြောင့် လာမယ့်ကမ္ဘာ့ဖလားဝင်ခွင့်အတွက် ခက်ခဲသွားခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးတိုက်စစ်မှူး အီဆက်ကလည်း အသင်းရဲ့စွမ်းဆောင်ရည်ဟာ ရှက်စရာလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ဆွီဒင်ဟာ အိမ်ကွင်းမှာ ကိုဆိုဗိုအသသင်းကို ၁-၀ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ၄ ပွဲကစားပြီးချိန်မှာ ၁ မှတ်သာရရှိထားခဲ့ပါတယ်။ လာမယ့်လက်ကျန်ပွဲတွေမှာ ဆွီဒင်အနေနဲ့ အကောင်းဆုံးစွမ်ဆောင်ဖို့ လိုအပ်နေပြီး ခြေစစ်ပွဲကန်နိုင်ခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။ တိုက်စစ်မှာ ကစားသမားကောင်းတွေရှိနေတာကြောင့် ဆွီဒင်အနေနဲ့ ရလဒ်တွေပိုကောင်းမွန်ဖို့ လိုအပ်နေပါတယ်။ 

အခုအရေးနိမ့်မှုကြောင့် တိုမက်ဆန်အနေနဲ့ အနာဂတ်အတွက် မေးခွန်းထုတ်စရာဖြစ်လာခဲ့ပြီး ပရိသတ်တွေကတော့ နုတ်ထွက်ဖို့ တောင်းဆိုနေကြပါတယ်။အီဆက်က အဆိုပါပွဲက စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အီဆက်က “ကျွန်တော်မသိပါဘူး။ ကျွန်တော်တို့ကစားသမားတွေကတော့ မကျေနပ်ကြပါဘူး။ ကျွန်တော်အရင်ကပြောခဲ့သလို အဲ့တာဝန်တွေက ကျွန်တော်တို့မှာရှိနေတာပါ။ကျွန်တော်တို့ မှန်ပေါ်မှာကို့ဘာသာကိုယ်ပြန်ကြည့်ရပါတယ်။ ဘယ်သူမှအဆင်မပြေပါဘူး။ ကျွန်တော်တို့ကစားသမားတွေတင်မဟုတ်ပဲ အသင်းတစ်သင်းအနေနဲ့ပါ မရှိခဲ့ပါဘူး။ ကိုယ့်အသင်းပရိသတ်တွေက အခုလိုမျိုး ပြန်သရော်တာက ပျော်စရာမကောင်းပါဘူး။

တစ်ချိန်တည်းမှာ ခင်ဗျားအနေနဲ့လည်း ဒီထက်ပိုတောင်းဆိုလို့မရနိုင်ပါဘူး။ ကျွန်တော်တို့ စွမ်းဆောင်ရည်မကောင်းခဲ့ပါဘူး။ အဲ့အခြေအနေတွေက ဝမ်းနည်းစရာပါ။ ဒီနေ့စွမ်းဆောင်ရည်က ရှက်စရာပါ။ စိတ်ပျက်စရာလည်းကောင်းပါတယ်။ ကျွန်တော်တို့ ဆိုးဝါးစွာကစားခဲ့ပါတယ်။ ဒီနေ့ကစားပုံက အလုပ်မဖြစ်ခဲ့သလို တစ်ဦးချင်းလည်း မကောင်းခဲ့ပါဘူး။  ချိတ်ဆက်မှုကလည်း အဆင်မပြေပါဘူး။ ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာ မသိခဲ့ပါဘူး”လို့ အီဆက်က ဖြေကြားခဲ့ပါတယ်။

ဒီနေ့ပွဲရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး နောက်ထပ်စတားတစ်ဦးဖြစ်တဲ့ အီလန်ဂါကလည်း ပရိတ်သတ်တွေကို တောင်းပန်ခဲ့ပါတယ်။ ဆွီဒင်အနေနဲ့ အခုအခြေအနေတွေကို ပြန်လည်တုံ့ပြန်နိုင်ဖို့ အခွင့်အရေးရှိနေဆဲဖြစ်ကာ အီဆက်ကတော့ လာမယ့်ပွဲတွေမှာ စွမ်းဆောင်ရည်ကောင်းတွေပြန်လည်ရှာဖွေနိုင်ဖို့ မျှော်လင့်နေပါတယ်။ အီဆက်ဟာ လီဗာပူးကိုပြောင်းပြီးနောက် ခြေစွမ်းကျဆင်းနေပြိး ကာရာဘောင်ဖလားပွဲမှာသာ ၁ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းဟာ ယူနိုက်တက်နဲ့အန်ဖီးလ်မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။